ဟိုလီပီတစ်နဲ့ ကီလီပီတစ်တို့ သားအမိက Southwest လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးတွေပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာတော့ ဒန်ဗာမြို့ကနေ စိန့်လူးဝစ်မြို့ကို ပျံသန်းခဲ့တဲ့ လေကြောင်းအမှတ် 3658 လေယာဉ်ကို အတူတကွ မောင်းခဲ့ကြတာပါ။
![](https://yoyarlay.com/wp-content/uploads/2022/08/3-8-2022-yyl06.jpg)
လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ ဟိုလီဟာ ကလေး ၃ ယောက်ကို ထိန်းကျောင်းရင်း လေယာဉ်မှူးဖြစ်လာအောင် ကြိုးစားခဲ့သူပါ။ သူ့သမီး ကီလီကလည်း အသက် ၁၄ နှစ်အရွယ်ကတည်းက သူ့အမေကို အားကျလို့ လေယာဉ်မှူးအလုပ်ကို ရွေးချယ်ခဲ့သူပါ။
![](https://yoyarlay.com/wp-content/uploads/2022/08/3-8-2022-yyl07.jpg)
ကီလီဟာ ၂၀၁၇ ခုနှစ်ကစလို့ Southwest လေကြောင်းလိုင်းမှာ အလုပ်သင်ဝင်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ လေယာဉ်မှူးလိုင်စင် ရခဲ့တာပါ။ သူတို့သားအမိဟာ Southwest လေကြောင်းလိုင်းမှာ လေယာဉ်မှူးအဖြစ် အတူပျံသန်းကြတဲ့ ပထမဆုံး သားအမိအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: Mother And Daughter Pilots Make History For Southwest Airlines
NZ (ရိုးရာလေး)