ရောဂါသည်သားကို စာသင်ခန်းထဲ ကျောပိုးပြီး လိုက်ပို့တဲ့ မိခင်တစ်ဦးရဲ့ မေတ္တာ

17-7-2020-yyl-018.jpg

မိဘတွေ လိုအပ်နေချိန်မှာ ကူညီပေးဖို့ ဘာမဆိုလုပ်မယ့် သားသမီးတွေရှိပေမယ့် အဲဒီလိုသားသမီးမျိုးတွေက လူနည်းစုပါပဲ။ ဒါပေမဲ့ မိဘတွေကတော့ သူတို့သားသမီးတွေ ပျော်ရွှင်ဖို့အတွက် ဘာမဆိုလုပ်ပေးချင်ကြပြီး လိုချင်တာရှိရင် လကမ္ဘာထိတောင် သွားချင်ကြတာပါ။ အဲဒီလိုပဲ တရုတ်နိုင်ငံ၊ ကွေ့ကျုံးစီရင်စုက ရွာလေးတစ်ရွာမှာ မိခင်တစ်ဦးက ဝှီးချဲနဲ့နေရတဲ့သားကို ကျောင်းတက်ပြီး စာသင်ကြားရဖို့အတွက် ကျောပိုးပြီး လိုက်ပို့ပေးခဲ့တာကလည်း မိဘရဲ့ကြီးမားလှတဲ့ မေတ္တာတရားပါပဲ။ သူ့သားက Amyotrophic Lateral Sclerosis လို့ခေါ်တဲ့ လှုပ်ရှားမှုအာရုံကြောကြွက်သားတွေ ရပ်ဆိုင်းစေတဲ့ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ အဲဒီမိခင်က သူ့သားရဲ့ ကောလိပ်တက်ချင်တဲ့ အိပ်မက်ကို ဖြည်းဆည်းပေးချင်တာကြောင့် ကျောင်းစာတွေသင်ယူနိုင်ဖို့ ကျောပိုးလိုက်ပို့ပေးခဲ့တာပါ။

ရန် ဒါလီယန်က သူ့သား ယောင်ဝမ်ကို နေ့တိုင်း ကျောပိုးခဲ့တာပါ။ ကျောင်းသွားတဲ့အခါ သူ့သားကို ဝှီးချဲနဲ့ ခေါ်လာပြီး ဝှီးချဲပေါ်ကနေ ဆင်းဖို့လိုအပ်တဲ့အချိန်မှာ ကျောပိုးပြီး စာသင်ခန်းထဲအထိ လိုက်ပို့ပေးခဲ့ပါတယ်။ သူ့သားက လှုပ်ရှားမှုအာရုံကြောကြွက်သားတွေ ရပ်ဆိုင်းစေတဲ့ရောဂါ (ALS)ကို ခံစားနေရတဲ့အတွက် သူ့ဘာသာ လမ်းမလျှောက်နိုင်ပါဘူး။ ALS ရောဂါက အာရုံကြောပျက်စီးမှုကြောင့် ကြွက်သားတွေ သန်စွမ်းမှု လျော့လျော့လာပြီး အကြောသေသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ယောင်ဝမ်က ရောဂါကို ခံစားနေရပေမယ့် အခြားသူတွေလိုပဲ ရည်မှန်းချက်ရှိပါတယ်။

သူက ရောဂါခံစားနေရပေမယ့် ကျောင်းမှာ စာကြိုးစားပါတယ်။ သူ့ဆရာမက ယောင်ဝမ်ဟာ ဘယ်တော့မှ ကျောင်းနောက်မကျဖူးတဲ့အပြင် အခြားသူတွေနဲ့လည်း ကောင်းကောင်းအဆင်ပြေတယ်လို့ ပြောပါတယ်။ ယောင်ဝမ်ရဲ့အိပ်မက်က ကောလိပ်တက်ရဖို့ ဖြစ်တဲ့အတွက် သူ့အမေက သူ့ကို အပြည့်အဝ ပံ့ပိုးကူညီပေးနေပါတယ်။ “သားလေး ကောလိပ်တက်ခဲ့ရရင် ကျွန်မအတွက် ဘယ်လောက်ခက်ခဲခက်ခဲ သူနဲ့အတူ သွားပေးမှာပါ”လို့ ရန်ဒါလီယန်က ပြောပါတယ်။ အခုဆိုရင် ယောင်ဝမ်က Yuping Country Ethnic High School မှာ အထက်တန်းနောက်ဆုံးနှစ် ပြီးတော့မှာဖြစ်ပါတယ်။

Ref: Mother In China Brings Son With ALS To School On Her Back, Helps Him Chase College Dreams

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top