ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတညွှန်ကြားချက်အမိန့်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

17-6-2020-yyl-014.jpg

အမေရိကန်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် သမ္မတညွှန်ကြားချက်အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရဲအရာရှိတွေကြောင့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား လူမည်းတွေ သေဆုံးနေရတာကို ဒေါသထွက်နေချိန်မှာ ဒေါ်နယ်ထရမ့်က အခုလို လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ မြို့တော်တော်များများမှာ ဒေသခံတွေက ရဲတပ်ဖွဲ့ကို အကြီးအကျယ် ပြောင်းလဲမှုလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတညွှန်ကြားချက်အမိန့်ဟာ ရဲတပ်ဖွဲ့တွေ အထိရောက်ဆုံး လုပ်နည်းလုပ်ဟန်တွေ ပုံဖော်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရကနေ ငွေကြေးအထောက်အပံ့ပေးဖို့ ရည်ရွယ်ပါတယ်။

” ကျွန်တော်တို့ ဘုံသဘောတူညီချက် ရှာဖွေရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့တွေကို ဘဏ္ဍာငွေ ဖြတ်တောက်ဖို့၊ ဖြိုခွဲဖို့၊ ဖျက်သိမ်းဖို့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစွန်းရောက် အားထုတ်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ ရဲတပ်ဖွဲ့မရှိရင် ကစဉ့်ကလျားတွေ ဖြစ်ကုန်မှာပါ။ ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်မှာ စောင့်ကြပ်ကြည့်ရှုပေးပြီး ကျွန်တော်တို့ကို ဘေးကင်းလုံခြုံစေတဲ့ အပြာရောင်ယူနီဖောင်းဝတ် ရဲရင့်တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေကို ထောက်ပံ့ပေးရမယ်လို့ အမေရိကန်နိုင်ငံသားတွေက ယုံကြည်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာ၊ အားဖြည့်ခေါ်ယူတာ၊ လူထုနဲ့ထိတွေ့ဆက်ဆံတာ စတဲ့ အပိုင်းတွေမှာ ထပ်တိုးရင်းနှီးမြှုပ်နှံရမယ်၊ ပွင့်လင်းမြင်သာမှု တိုးတက်လာရမယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု တိုးတက်လာရမယ်ဆိုတာကိုလည်း အမေရိကန်တွေက ယုံကြည်ပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top