ဘရာဇီးနိုင်ငံမှာ မိုးသက်လေပြင်းကျရောက်လို့ အနည်းဆုံး လူ(၃၀)သေဆုံး

yyl-022-16.jpg

ဘရာဇီးနိုင်ငံ မီနက်စ်ဂျရိုက်စ်ပြည်နယ်မှာ မိုးသက်လေပြင်း ကျရောက်ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ ဘရာဇီးနိုင်ငံ အရေးပေါ်အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့နဲ့ စနေနေ့တွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး သေဆုံးသူတော်တော်များများကတော့ တာ့ မြေပြိုမှုတွေမှာ ဖုံးလွှမ်းခံရတာ၊ ရေစီးထဲမျောပါသွားတာ စတဲ့ဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့တာပါ။ လူ ၂၅၀၀ ကျော်ကို သူတို့ရဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လူ ၁၇ ယောက် ပျောက်ဆုံးခဲ့တဲ့အတွက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက်ဆောင်ရွက်ခဲ့ပါတယ်။

မီနက်စ်ဂျီရိုက်စ်ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘယ်လိုဟော်ရီဇွန်တီမြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၇ စင်တီမီတာ(၇ လက်မ)အထိ ရွာသွန်းခဲ့ပြီး အဲဒီပမာဏက လွန်ခဲ့တဲ့ နှစ် ၁၁၀ မှာ မိုးရေချိန်မှတ်တမ်းတွေ စတင်မှတ်သားခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုဖြစ်ခဲ့တယ်လို့ ဘရာဇီးနိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။ ဘယ်လိုဟော်ရီဇွန်တီမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဘရူမာဒင်ညိုမြို့မှာ လူ ၂၇၀ သေဆုံးခဲ့တဲ့ ဆည်ပြိုကျမှု နှစ်ပတ်လည်နေ့မှာ အခုလို ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top