နောင်တရဲ့အသိ

23-8-2022-yyl39.jpg

အဖေ ဆုံးသွားပြီးနောက်မှာတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့ အမေ့ကို အိမ်ခေါ်ထားရမယ့်အစား သူက လူအိုရုံ ပို့ခဲ့တယ်။ ပြီးတော့ အမေ့ဆီလည်း သိပ်မရောက်ဖြစ်ဘူး။ တော်တော်ကြာမှ တစ်ခေါက်လောက် သွားတယ်။ တစ်နေ့မှာတော့ အမေက မဆက်စဖူး သူ့ဆီ ဖုန်းဆက်တယ်။ အမေ့အသံက မောဟိုက်နေသလိုပဲ။ ” အမေ့ဆီ လာခဲ့ပါဦး သားရယ်တဲ့”။

သူ ရောက်သွားတော့ အမေက အသည်းအသန်ဖြစ်နေပြီ။ အမေ့နား ကပ်သွားပြီး ” သား ဘာလုပ်ပေးရမလဲ အမေ” လို့ မေးလိုက်တယ်။ ” လူအိုရုံအတွက် ပန်ကာလေး တပ်ပေးလိုက်ပါ သားရယ်၊ ဒီမှာ ပန်ကာ မရှိဘူး။ ပြီးတော့လေ . . . အစားအသောက်တွေ အထားခံအောင် ရေခဲသေတ္တာလေးလည်း ဝယ်ပေးလိုက်ပါ။ အမေဆို ညစာမစားဘဲ အိပ်ရာဝင်ရပေါင်းများပြီ” လို့ အမေက လေသံဖျော့ဖျော့လေးနဲ့ ပြောတယ်။

” အမေက ဒီကိစ္စတွေကို ဘာလို့ စောစောစီးစီး မပြောရတာလဲဗျာ။ အခု နောက်ဆုံးအချိန်ရောက်တော့မှ ဘာလို့ ဒီအကြောင်းတွေ ပြောနေရတာလဲ” လို့ သူက မချိတင်ကဲ ပြန်မေးလိုက်တယ်။” အမေက ပူလည်း နေနိုင်ပါတယ် သားရယ်။ ဆာလောင်တာပဲဖြစ်ဖြစ်၊ နာကျင်တာပဲဖြစ်ဖြစ် အမေ မမှုပါဘူး။ ဒါပေမဲ့ သား အသက်ကြီးလာလို့ သားရဲ့ သားသမီးတွေက လူအိုရုံပို့ကြတဲ့အခါ ဒီဒဏ်တွေ မခံနိုင်မှာ အမေ စိုးရိမ်လို့ပါ” တဲ့။

အမေ့ရဲ့ တုံ့ပြန်စကား ကြားလိုက်ရချိန်မှာတော့ သူဟာ နောင်တရပြီဆိုတဲ့ အသိကြောင့် ယူကျုံးမရ ဖြစ်ရုံမှတပါး . . . .

Ref: Mother’s demand at old age home

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top