မွေ့ရာကြောင့် ခါးနာတာ၊ ကျောနာတာတွေ ဖြစ်လာနိုင်

13-9-2021-yyl15.jpg

ခါးနာတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ နာရီပေါင်းများစွာကြာအောင်ထိုင်တာကစပြီး ကိုယ်နေဟန်ထားမမှန်တာ၊ ဖုန်းအကြာကြီးကြည့်တာ၊ သင့် အိပ်နေကျမွေ့ရာတွေအထိ ဘယ်အရာမဆို ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။

ခါးနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းကဘာလဲ

ခါးနာရတာရဲ့အဓိကအကြောင်းအရင်းက ပုံမှန်မဟုတ်တဲ့အနေအထားနဲ့ အချိန်အကြာကြီးထိုင်တာ၊ လဲလျောင်းတာတွေကြောင့် ကျောရိုးမှာ ဖိအားများလာတာကြောင့် ဖြစ်လာရပါတယ်။ ခါးနာတာကို ကျောအောက်ပိုင်း နာကျင်တာ၊ လည်ပင်းတောင့်တင်းတာ နဲ့ ခြေထောက်နဲ့ ခြေဖဝါးတွေမှာ ထုံကျင်တာတွေလို ပုံစံမျိုးတွေနဲ့ ပြပါတယ်။ ဒါပေမဲ့သင် အိပ်နေတဲ့ မွေ့ရာကလည်း ခါးနာရခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ပျော့ပျောင်းမှုမရှိတဲ့၊ သက်တောင့်သက်သာမရှိတဲ့ မွေ့ရာတွေက သင့် အိပ်ရာထတာနဲ့ ခါးနာတာ၊ ကျောနာတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

မွေ့ရာရဲ့ဘယ်လိုအချက်တွေကြောင့် ခါးနာတာဖြစ်လာနိုင်မလဲ

သက်တောင့်သက်သာမရှိတာ

သင့်ရဲ့ခါးကို သေချာဂရုစိုက်ပေးရပါမယ်။ သင့်အိပ်နေတဲ့ မွေ့ရာက ထတဲ့ ၁၀ မိနစ် ကနေ ၃၀ မိနစ်အတွင်း နာကျင်သလို ခံစားရရင် သင့်မွေ့ရာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်မွေ့ရာက အိပ်ရာတာ သက်တောင့်သက်သာမရှိရင် မနက်အိပ်ရာနိုးတဲ့အခါ ခါးနာတာ၊ ကျောနာတာဖြစ်နိုင်ပါတယ်။ အိပ်ပျော်နေတဲ့အတွင်း မွေ့ရာက သက်တောင့်သက်သာမရှိတော့ ခန္ဓာကိုယ်ကို ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်လုပ်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အဆစ်တွေမှာ ဖိအားဖြစ်သွားစေတာကနေ ခါးနာတာ၊ ကျောနာတာဖြစ်လာရနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် မွေ့ရာပြောင်းဖို့ လိုအပ်လာပါတယ်။

မွေ့ယာအမျိုးအစား

မာလွန်းတဲ့၊ ပျော့ပျောင်းလွန်းတဲ့ မွေ့ရာတွေက ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မမာလွန်း၊ မပျော့ပျောင်းလွန်းတဲ့ အလယ်အလတ်ဖြစ်တဲ့ မွေ့ရာတွေက ခါးနာတာကို လျော့နည်းသွားစေနိုင်ပါတယ်။ မွေ့ရာက သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးနေတဲ့အတွက် မွေ့ရာကို သေချာဂရုစိုက်ဝယ်ယူသင့်ပါတယ်။

မွေ့ရာအသစ်

မွေ့ရာအသစ်နဲ့ အိပ်တဲ့အခါမှာလည်း အိပ်နေကျမွေ့ရာမဟုတ်တဲ့အတွက် အသားမကျသေးတဲ့အတွက် ခါးနာတာဖြစ်နိုင်ပါတယ်။ မွေ့ရာအသစ်နဲ့ သင့်ကျောရိုးအနေအထားနဲ့ အသားကျဖို့အတွက် အချိန်တော့ပေးရပါမယ်။ တဖြည်းဖြည်းချင်း မွေ့ရာအသစ်နဲ့ အသားကျရင်တော့ ခါးနာတာတွေဖြစ်လာတော့မှာမဟုတ်ပါဘူး။

မွေ့ရာအသစ်ဝယ်တဲ့အခါ အကြံပြုချက်များ

  • မဝယ်ခင် စမ်းကြည့်ပါ
  • အိပ်ရတာ အဆင်မပြေရင် ပြန်လာလဲလို့ရမရမေးမြန်းပါ
  • အစစ်အမှန်ဖောက်သည်တွေဆီက သုံးသပ်ချက်တွေကို ဖတ်ပါ
  • သင့်မှာ ကျောရိုးနဲ့ ပတ်သက်သောပြဿနာတစ်ခုခုရှိရင် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူနဲ့ တိုင်ပင်ကြည့်ပါ

Ref: Signs that your mattress is causing back pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top