ဆုကြေးငွေအများအကြီးနဲ့ Squid Game တကယ့်ပြိုင်ပွဲရှိုးလုပ်ဖို့ Netflix က စီစဉ်နေ

15-6-2022-yyl01.jpg

Netflix ရဲ့ကြည့်ရှုနှုန်းအမြင့်ဆုံးစီးရီးဖြစ်တဲ့ Squid Game ရဲ့ ပရိသတ်တွေကတော့ တီဗီစီးရီးအနေနဲ့ ကြည့်ရှုရရုံတင်မကတော့ဘဲ Squid Game: The Challenge လို့ခေါ်တဲ့ တကယ့်ပြိုင်ပွဲရှိုးတစ်ခုကိုလည်း မြင်တွေ့ရတော့မှာပါ။ Netflix က ဆုကြေးငွေအများကြီးပေးမယ့်”Squid Game” Reality Show လုပ်မှာဖြစ်ပါတယ်။

ဂိမ်းရှုံးရင် အသက်နှုတ်ယူခံရတဲ့ တီဗီစီးရီးနဲ့မတူဘဲ ဒီပြိုင်ပွဲက ကစားသမား ၄၅၆ ဉီး ပါဝင်ယှဉ်ပြိုင်ရပြီး ဘယ်လိုအသက်အန္တရာယ်မှမရှိဘဲ ရှုံးတဲ့သူတွေထွက်သွားရမှာပါ။ နောက်ဆုံးကျန်ခဲ့တဲ့ (၁) ဉီးက ဆုကြေးငွေ ဒေါ်လာ ၄.၅၆ သန်းရရှိမှာဖြစ်ပါတယ်။ Reality Show သမိုင်းမှာ ဒီဆုကြေးငွေပမာဏက အကြီးဆုံးဆုငွေဖြစ်ပါတယ်။

အပိုင်း (၁၀) ပိုင်းနဲ့ Reality Show မှာ Squid Game တီဗီစီးရီးထဲက ဂိမ်းတွေအပြင် ထပ်ထည့်ထားတဲ့ဂိမ်းအသစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီ Reality Show ကို ဗြိတိန်မှာ ရိုက်ကူးမှာဖြစ်ပြီး လောလောဆယ်တော့ အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေကိုပဲ ရွေးချယ်နေပါတယ်။

Squid Game ဒုတိယမြောက်စီးရီးရဲ့ဇာတ်လမ်းအနည်းအကျဉ်းထွက်ရှိလာခဲ့ပြီးနောက်မှာ Squid Game တကယ့်ပြိုင်ပွဲရှိုးလုပ်မယ်ဆိုတဲ့ ကြေညာချက်ထွက်ရှိလာခဲ့တာပါ။

Ref: AsiaOne “Netflix plans Squid Game reality show with big cash prize, no fatal consequences”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top