ခပ်ခွာခွာ နေခိုင်းတဲ့ အစိုးရရဲ့စည်းမျဉ်းကို နည်းပြမော်ရင်ဟိုနဲ့ စပါးအသင်းသားတွေ ချိုးဖောက်

mawyinho.jpg

စပါးအသင်းနည်းပြ မော်ရင်ဟိုနဲ့ အသင်းသားတချို့က တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေခိုင်းတဲ့ ဗြိတိန်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်ခဲ့ဖွယ်ရှိပါတယ်။
မော်ရင်ဟိုနဲ့ အသင်းသားတွေ လေ့ကျင့်ခန်းလုပ်နေတဲ့ ရုပ်သံမှတ်တမ်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ဖွယ်ရှိလို့ စပါးအသင်းက တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေခိုင်းတဲ့ စည်းမျဉ်းကို ထပ်လောင်းသတိပေးဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စပါးအသင်း နောက်ခံလူတွေဖြစ်တဲ့ ဒေးဗစ်ဆန်ဆန်းချက်ဇ်နဲ့ ရိုင်ယန်ဆက်ဆနွန်တို့ ဘေးချင်းယှဉ်ပြေးနေတဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ်လာပါတယ်။ မြင်တွေ့ရတဲ့ အနေအထားအရ မိသားစုဝင် ဒါမှမဟုတ် အိမ်သူအိမ်သားအချင်းချင်းကလွဲပြီး လူမြင်ကွင်းမှာ တခြားသူတစ်ယောက်နဲ့ အနည်းဆုံး ၂ မီတာအကွာ နေရမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ထားပါတယ်။ မော်ရင်ဟိုကလည်း လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ပြီး ကွင်းလယ်လူ အန်ဒွမ်ဘီလီရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ကြီးကြပ်ကွပ်ကဲနေတာ တွေ့ရပါတယ်။ စပါးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေခိုင်းတဲ့ စည်းမျဉ်းအားလုံးကို လေးစားလိုက်နာခဲ့တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top