Lockdown ချထားချိန် လိုအပ်နေတဲ့လူတွေ ယူလို့ရအောင် ပစ္စည်းစင်ကို အိမ်ရှေ့မှာချပေးထားတဲ့ မိသားစု

8-4-2020-yyl-033.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အစိုးက Lockdown ချထားတဲ့အတွက် အရင်လို ဈေးဝယ်ထွက်လို့မရကြပေမဲ့ တချို့လူတွေက အခြားသူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေရရှိနိုင်စေမယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ အခုချိန်မှာ ကိုယ်ကျိုးကိုယ်မငဲ့ဘဲ အခြားသူတွေရဲ့စားဝတ်နေရေးအတွက် ကိုယ်ချင်းစာပေးကြတဲ့ သူတွေလည်းရှိပါတယ်။ အကျပ်အတည်းရောက်နေချိန်မှာ စိတ်ဓာတ်ကောင်းကောင်းထားပြီး အချင်းချင်းကူညီရိုင်းပင်းကာ စည်းလုံးညီညွှတ်ကြရမှာဖြစ်ပါတယ်။ တချို့လူတွေက စာအုပ်တွေ၊ အစားအစာတွေအပါအဝင် သူတို့မှာရှိတဲ့ ပစ္စည်းတွေကို မျှဝေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းကို ကူညီနိုင်မယ့်နည်းလမ်းကိုရှာတွေ့ထားကြပါတယ်။

အဲဒီလူတွေကတော့ လူအများ စံနမူနာယူထိုက်အောင် လုပ်ဆောင်နေတဲ့ မိသားစုတစ်စုပါပဲ။ သူတို့က သူတို့ရဲ့အိမ်ရှေ့မှာ လူတွေအတွက် ပစ္စည်းစင်လေး ထားရှိထားပါတယ်။ “ကျွန်တော့်ရဲ့မိဘတွေက အိမ်ရှေ့မှာ ပစ္စည်းတွေတင်ထားတဲ့ စင်ကို အလကားထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ အိမ်ရှေ့မှာရှိတဲ့ Library exchange boxes ကနေ ဒီအကြံဉာဏ်ရခဲ့တာပါ။ ဒါက ကောင်းတဲ့ အကြံလို့ ကျွန်မတွေးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ တစ်စုံတစ်ယောက်က လာပြီး အကုန်လုံးယူသွားမယ်လို့ ကျွန်မတွေးခဲ့မိတယ်” လို့ တယ်ရီ ယူရီဘီ ကဲလ် ဆိုတဲ့ ကောင်မလေးက ပြောပါတယ်။

သူတို့မိသားစု ထားရှိခဲ့တဲ့ ပစ္စည်းစင်မှာ ပစ္စည်းတွေတောင် များလာခဲ့ပါတယ်။ “လိုအပ်တဲ့အရာတွေကိုသာ ယူတဲ့သူတွေကို လေးစားသလို တချို့ကြင်နာတတ်တဲ့သူတွေက ပိုက်ဆံတချို့ကိုတောင်လှူဒါန်းခဲ့ပါတယ်။ ကျွန်မရဲ့အဖေက ဒါကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။ သူက စားပွဲခုံတွေ၊ မိုးကာတဲတွေ ဝယ်ယူခဲ့တာပါ။ ပစ္စည်းအားလုံးက လိုအပ်နေတဲ့သူတွေအတွက် အလကားပေးတာပါ။ ၂၄ နာရီလုံး ဖွင့်ထားပါတယ်။ သင်မှာ ပစ္စည်းလိုအပ်နေရင်၊ လှူဒါန်းချင်ရင်လည်း လာလို့ရပါတယ်” လို့ တယ်ရီကပြောပါတယ်။ သူတို့မိသားစုက လှူဒါန်းမှုတွေ အများကြီးရရှိနေပြီး စည်းမျဉ်းတွေကို အနည်းငယ်ပြောင်းလဲခဲ့ရပါတယ်။ “ကျေးဇူးပြုပြီး လတ်ဆတ်တဲ့ထုတ်ကုန်တွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသားတွေကို မလှူဒါန်းပါနဲ့”

“ကျွန်မတို့တွေက အစားအစာ၊ သောက်စရာ၊ ကလေးသေးခံ၊ wipe tissue၊ လက်သန့်ဆေးရည်၊စက္ကူ၊ ကြောင်စာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ထားရှိပါတယ်။ တချို့ပေါ်ပြူလာဖြစ်တဲ့ပစ္စည်းတွေက အချိုရည်၊ ဆိုဒါ၊ ဆော့၊ ကလေးတွေအတွက် သွားရည်စာမုန့်တွေ၊ ခေါင်းလျှော်ရည်၊ အမဲသားချက်၊ ပန်ကိတ်၊ အားလူးကြော်ဗူးတွေပါပဲ” လို့ တယ်ရီက ပြောပြခဲ့ပါတယ်။ သူဟာ ရက်ရက်ရောရော လှူဒါန်းပေးကြတဲ့ လူမှုအသိုက်အဝိုင်းကို ကျေးဇူးတင်ခဲ့ပြီး လက်ရှိမှာ ခွေးစာနဲ့ baby wipes တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Ref: To Help Their Community During The Coronavirus Lockdown, This Family Opens A Free Pantry In Their Yard

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top