ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းနိုင်တယ်လို့ ဆို

itisofficial.jpg

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ကို အတုယူပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပစ်နိုင်တယ်လို့ အူဒီးနီးစ်အသင်း အားကစားဒါရိုက်တာ မာရီနိုက ပြောပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)ပွဲ ကစားပြီးချိန်မှာ လီဗာပူးအသင်းက လက်ရှိချန်ပီယံမန်စီးတီးကို (၂၅)မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကန့်အသတ်မရှိ ဆိုင်းငံ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းက လိဂ်ပြိုင်ပွဲတွေကို ဆိုင်းငံ့ထားရပြီး ဘယ်လ်ဂျီယံဘောလုံးလိဂ်ပြိုင်ပွဲ (Jupiler Pro) ကို ဖျက်သိမ်းခဲ့ရပါတယ်။ ဘယ်လ်ဂျီယံဘောလုံးလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဘရုဂျက်အသင်းကို ချန်ပီယံဖလား ပေးခဲ့ပါတယ်။

” အခြေအနေက တော်တော်ဆိုးရွားလာပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုပြီးသွားရင် ကျွန်တော်တို့ ဘောလုံးပြိုင်ပွဲတွေကို ပျော်ပျော်ပါးပါး ကျင်းပလို့ ရပါတယ်။ အချိန်ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အန ္တရာယ်ဇုန်ထဲကနေ ရုန်းထွက်ဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ဘယ်လ်ဂျီယံလိဂ်လိုပဲ ဒီရာသီပြိုင်ပွဲကို ဖျက်သိမ်းလိုက်ဖွယ်ရှိပါတယ်” လို့ မာရီနိုက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top