MPT မှ ပျော်ရွင်ဖွယ်ရာ နှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်”ပရိုမိုးရှင်းကို သုံးစွဲသူများသို့ ကျေးဇူးတုံ့ပြန်

18-1-2023-yyl-150.jpg

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် မင်္ဂလာနှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်” ပရိုမိုးရှင်းကို စတင်မိတ်ဆက်ခဲ့သည်။

ပရိုမိုးရှင်းကာလမှာ ဇန်နဝါရီလ ၁၄ ရက် မှ ၂၆ ရက် အထိ ဖြစ်ပြီး သုံးစွဲသူများအနေ နှင့် MPT Club ပွိုင့် ၄၄၄ ပွိုင့်အထိ ရရှိနိုင်မည်ဖြစ်ကာ အဆိုပါပွိုင့်များကို ပွိုင့်တန်တန်အထူးပက်ကေချ့်ဖြင့် ပရိုမိုးရှင်းကာလအတွင်း လဲလှယ်ရယူနိုင်ရုံသာမက အခြားကာလများတွင် စုဆောင်းရရှိထားသော MPT Club ပွိုင့်များဖြင့်လည်း လက်ရှိလဲလှယ်နိုင်သော ပက်ကေ့ချ်များအားလုံးကို လဲလှယ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၄ ရက် မှ စတင်၍ *7345# ကိုခေါ်ဆိုခြင်းဖြင့် ပွိုင့်တန်တန် ပရိုမိုးရှင်းတွင် ပါဝင်နိုင်မည်ဖြစ်သည်။ MPT4U ရှိ အဆိုပါပရိုမိုးရှင်းအတွက် သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဇန်နဝါရီလ ၂၂ရက်နေ့ အထိဝယ်ယူ၍ ပွိုင့်တန်တန် ထိပေါက်ကစားခြင်းဖြင့် MPT Club ပွိုင့်များကို စုဆောင်းနိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်အတွင်း ပွိုင့်တန်တန်အထူးပက်ကေချ့်ကို MPT Club ပွိုင့် ၄၄၄ ပွိုင့် ဖြင့် လဲလှယ်ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် သတ်မှတ်ကာလအတွင်း ဝယ်ယူသော ပက်ကေ့ချ်တစ်ခုချင်းစီအတွက် ပွိုင့်တန်တန်ထိပေါက် တစ်ကြိမ် ကစားခွင့်ရကာ အထူးပရိုမိုးရှင်းအနေဖြင့် MPT Club ပွိုင့်များစွာကို စုဆောင်းနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းမှ MPT GSM/WCDMA Prepaid သုံးစွဲသူများအားလုံး ယခု ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများက Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်၊ ကြင်ကြင်နာနာ ပက်ကေ့ချ် နှင့် ထောဘီ ၁၀ဆ ( အလိုအလျောက်သက်တမ်းတိုးနှင့် ပုံမှန်) ပက်ကေ့ချ်များကို MPT4U channel မှ ဝယ်ယူရန်လိုအပ်ပါသည်။

ပက်ကေ့ချ်ဝယ်ယူနိုင်သည့်ကာလအတွင်း ယခုပရိုမိုးရှင်းတွင် ပါဝင်သောပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ မိမိစိတ်ကြိုက် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ပွိုင့်တန်တန်ထိပေါက် ၁ ကြိမ် ကစားခွင့် ရရှိမည် ဖြစ်ပါသည်။ ပွိုင့်တန်တန်ထိပေါက်ကစားခွင့်ကို ကစားခွင့်ရရှိသည့်နေ့ရက် ကုန်ဆုံးသည်အထိ ကစားနိုင်မည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top