MPT က Myanmar Esports Club နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍကို ပံ့ပိုးကူညီ

mptgaming01.jpg

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်တဲ့ MPT က လက်ရှိ နာမည်ကြီး Esports ဂိမ်းတွေဖြစ်တဲ့ PUBG Mobile နဲ့ Mobile Legends Bang Bang (MLBB) တွေကို အခြေခံတဲ့ပြိုင်ပွဲတွေဖြစ်တဲ့ PUBG Mobile Fun Matches နဲ့ Mobile Legends Weekly Community Cup တွေကို ကြီးမှူး ကျင်းပပေးနေတဲ့ Myanmar Esports Club နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ Esports ကို အင်တိုက်အားတိုက် ပံ့ပိုးကူညီပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ PUBG Mobile Fun Matches မှာ ဆုလက်ဆောင်အနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၀၀၀ အပြင် MPT Club Points နဲ့ ဆုလက်ဆောင်တွေကိုလည်း ရရှိကံထူးနိုင်မှာဖြစ်ပြီး အပတ်စဉ်ပြုလုပ်ပေးနေတဲ့ Weekly Community Cup မှာ အနိုင်ရရှိသူတွေကို တစ်ပတ်ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၅၀၀ အထိ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။ PUBG Mobile Fun Matches ကို အောက်တိုဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“MPT အနေနဲ့ MESC နဲ့ပူးပေါင်းပြီး Fun Matches နဲ့ Weekly Community Cup စတဲ့ ပြိုင်ပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ Esports နဲ့ ဂိမ်းကစားခြင်းကဏ္ဍတွေကို တစ်ဖက်တစ်လှမ်းက ပံ့ပိုးခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ Esports ကို စိတ်ဝင်စားတဲ့လူ များပြားလာတာနဲ့အမျှ ဒီကဏ္ဍက လူငယ်တွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံကလူငယ် ဂိမ်းကစားသမားတွေကို နိုင်ငံတကာ ဂိမ်းကစားခြင်းအတွေ့အကြုံရရှိအောင် ကူညီပြီး တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံရဲ့ Esports ကိုပါ နိုင်ငံတကာအဆင့်ထိ တိုးတက်အောင် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး MPT ရဲ့ မြန်ဆန်၊ စိတ်ချယုံကြည်ရတဲ့ အကျယ်ပြန့်ဆုံး ကွန်ရက်နဲ့ ဒီပြိုင်ပွဲမှာ ပါဝင်ကစားကြမယ့်သူတွေအတွက် အကောင်းဆုံး ဂိမ်းကစားနည်းအတွေ့အကြုံတွေနဲ့ တစ်သက်တာ အကောင်းဆုံးပြိုင်ပွဲ အတွေ့အကြုံတွေကို ရရှိစေမယ်လို့လည်း ယုံကြည်ပါတယ်” လို့ MPT-KSGM JO ရဲ့ စီးပွားရေးဌာနကြီး၊ ဈေးကွက်ရေးရာဌာနမှ ဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် က ပြောကြားခဲ့ပါတယ်။

လက်ရှိကျင်းပပေးနေတဲ့ ပြိုင်ပွဲနှစ်ခုထဲကမှ PUBG Mobile Fun Match ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး MPT သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေ၊ Streamer တွေ၊ ထိပ်တန်းကစားသမားတွေအပြင် နိုင်ငံတကာက နာမည်ကြီး Streamerတွေ၊ ထိပ်တန်း ကစားသမားတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာကစားနည်းတွေနဲ့ ယှဉ်ပြိုင်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲက ပုံမှန်ပြုလုပ်နေကျ ပြိုင်ပွဲတွေနဲ့မတူဘဲ နိုင်ငံတကာနဲ့ ပြည်တွင်းက နာမည်ကြီး အနုပညာရှင်တွေနဲ့ထိပ်တန်းကစားသမားဖြစ်ကြတဲ့ pindapanda၊ Biancake၊ ယွန်းဝတီလွင်မိုး၊ ခင်ဝင့်ဝါ၊ Kelvin Kate၊ Bon Bon၊ AKgoLive၊ TOMLLA၊ Power – Gaming နဲ့ အခြားကစားသမားတွေပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ထိ ရရှိနိုင်မှာဖြစ်ပြီး MPT Club points တွေအပြင် အခြားဆုလက်ဆောင်တွေကိုလည်း ကံထူးနိုင်မှာဖြစ်ပါတယ်။ MPT သုံးစွဲသူတွေနဲ့ MLBB ကစားသမားတွေအနေနဲ့ အခြားပြိုင်ပွဲဖြစ်တဲ့ Weekly Community Cup ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိသူတွေက အပတ်စဉ်ဆုကြေးငွေအဖြစ် ဂိမ်းတစ်ခုကို အမေရိကန်ဒေါ်လာ ၁,၅၀၀ ရရှိမှာဖြစ်ပါတယ်။

Myanmar Esports Club က တာဝန်ရှိသူ ဦးအောင်သူရ အနေနဲ့ကလည်း ဒီပြိုင်ပွဲတွေအပေါ် အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ယခုလို ပြိုင်ပွဲတွေကို ပြည်တွင်းက ဂိမ်းဝါသနာရှင်တွေအတွက် မိတ်ဆက်ပေးရတဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အားကျနှစ်သက်ရတဲ့ နိုင်ငံတကာက နာမည်ကျော် ဂိမ်းကစားသမားတွေနဲ့ အတူယှဉ်ပြိုင်ရမယ့်အပြင် ဆုကြေးတွေပါရရှိမယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိလို့ပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT အနေနဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ Esports ကို အင်တိုက်အားတိုက် ပံ့ပိုးကူညီပေးတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီလိုနိုင်ငံတကာအဆင့်မီ ပြိုင်ပွဲတွေကနေတစ်ဆင့် Esports နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့် မြန်မာနိုင်ငံက လူငယ်ကစားသမားဝါသနာရှင်တွေကို အင်တိုက်အားတိုက် မြေတောင်မြှောက်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာအဆင့်မီ ဂိမ်းကစားနည်း အတွေ့အကြုံကို ပေးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုတွေကို ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အားလုံးကို ကံကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ ဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို MPT နဲ့ အတူပူးပေါင်းပြီးလုပ်ဆောင်သွားဖို့ကိုလည်း စိတ်လှုပ်ရှားမိပါတယ်။”

မြန်မာနိုင်ငံရဲ့ Esportsကဏ္ဍကို ပံ့ပိုးသောအားဖြင့် MPT က ဂိမ်းကစားသမားတွေ အတွက် သူတို့ကြိုက်နှစ်သက်တဲ့ ဂိမ်းတွေကို လျင်မြန်လှတဲ့အမြန်နှုန်း ၊ ထစ်ငေါ့ခြင်းမရှိတဲ့ ကွန်ရက်နဲ့ ကြီးမားလှတဲ့ စွမ်းဆောင်ရည်ရှိတဲ့ MPT ရဲ့ အင်တာနက်နဲ့သီးသန့်ရွေးချယ် ကစားနိုင်ဖို့ PUBG Data Pack နဲ့ Facebook, Viber, JOOX, Mobile Legends, တွေကို အကန့်အသတ်မရှိ သုံးနိုင်မယ့် Sone Sone Lin Lin Pack (All in One) Package တွေကို မကြာသေးခင်က မိတ်ဆက်ခဲ့ပြီးပါပြီ။ MPT သုံးစွဲသူတွေအနေနဲ့ MPT ရဲ့ PUBG Data Pack ကို ၉၄၅ ကျပ်နဲ့ဝယ်ယူပြီး အင်တာနက် ဒေတာ 900 MB အပြင် Lucky PUBG Game Items တွေကိုလည်း ရက် ၃၀ အတွင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ MPT ရဲ့ Sone Sone Lin Lin Pack (All in One) မှာ Facebook, Viber, Mobile Legends နဲ့ JOOX ဒေတာတွေကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်တဲ့အပြင် အခြားအင်တာနက် အသုံးပြုမှုတွေ အားလုံးအတွက် တစ်ရက်ကို ၁၆၈ ကျပ်သာကျသင့်မယ့် ဒေတာ 2GB လက်ဆောင် ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထား ဖြစ်တဲ့ ၁ မိနစ်ကို ၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် ရက်ပေါင်း (၃၀) အသုံးပြုနိုင်မယ့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်လည်းပါရှိပါတယ်။ အသေးစိတ်သိရှိချင်ရင်တော့ MPTရဲ့ Official Facebook Page (သို့မဟုတ်) MPT ရဲ့ Official Website တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top