ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းတွေကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြောကြားခဲ့တဲ့သတင်း

local_03-2.jpg

ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရာသီဥတုပြောင်းလဲမှုများအရ ရေအားလျှပ်စစ်တစ်မျိုးတည်းကိုသာ ရေရှည်မှီခိုရန် မဖြစ်နိုင်သည့်အတွက် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာစီမံကိန်းဖြစ်သည့် မင်းဘူးဆိုလာစီမံကိန်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် မာန်အောင်ကျွန်းနှင့် ကိုကိုးကျွန်းဒေသများတွင် ဆိုလာဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေး ကိုလည်း စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည်။

ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် အဆိုပြုချက်များစွာ လက်ခံရရှိထားပြီးဖြစ်သည်ဟု လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ထိုသို့ ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများကို လျှင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများ ရေးဆွဲပြဋ္ဌာန်းရေး၊ လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားနိုင်ရေးတို့နှင့်ပတ်သက်၍ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဖွဲ့စည်းကာ အစည်းအဝေးများပြုလုပ်ပြီး ဆွေးနွေး ဆောင်ရွက်လျက်ရှိသည်။

ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top