ကယားပြည်နယ်က ပြည်သူတချို့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလုံခွင့်ရရှိဖို့ကြိုးစားနေ

9-6-2-21-yl-53.jpg

ကယားပြည်နယ် ဒေသအတွင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့အုံကြွမှု ဒုက္ခဒဏ်ကိုခံစားနေရတဲ့ ပြည်သူ (၁၀၀,၀၀၀) ဝန်းကျင် အနက် လက်ရှိမှာ ပြည်သူ (၁၅,၀၀၀) ဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ နေထိုင်ရာစခန်းတွေမှာ ခိုလှုံနေထိုင်ခွင့်ရရှိဖို့အတွက် ကြိုးစားနေတယ်လို့ UNICEF Myanmar တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“UNICEF အနေနဲ့ တခြားသောမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ အာဟာရပြည့်ဝရေး၊ ရေ၊ မိလ္လာစနစ်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအပြင်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့်တိုက်ပွဲရှောင်သူ လူဦးရေ (၄၆,၀၀၀) ဝန်းကျင်ရှိခဲ့တယ်လို့ United Nations OCHA Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ဒ့ါပြင် (၂) လအတွင်း တိုက်ပွဲရှောင်သူ လူဦးရေ (၄၆,၀၀၀) ဝန်းကျင်အနက် ပြည်သူ (၃၇,၀၀၀) ဝန်းကျင်က ကယားပြည်နယ်က တိုက်ပွဲရှောင်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo- UNICEF Myanmar, Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top