လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဧဒင်မြန်မာပရဟိတအဖွဲ့ရှိရာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ သတင်း

local_02-2.jpg

ဧဒင်မြန်မာပရဟိတအဖွဲ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ လူကုန်ကူးခံရ သည့် အမျိုးသမီးများအား ပြန်လည်ပြုစုပျိုးထောင်ပေးပြီး ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် ကမာရွတ်မြို့နယ်၊ ဟံသာရိပ်မွန်လုံးချင်းအိမ်ရာဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဧဒင်မြန်မာပရဟိတအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုများကို သြဂုတ် ၂၁ ရက်က သွားရောက်ကြည့်ရှုခဲ့သည်။

ဧဒင်မြန်မာပရဟိတအဖွဲ့

ထိုသို့ သွားရောက်ခဲ့ရာတွင် ဧဒင်မြန်မာပရဟိတအဖွဲ့မှ တာဝန်ရှိသူများက လူကုန်ကူးခံရသည့် အမျိုးသမီး များအား စောင့်ရှောက်ထားရှိမှုအခြေအနေများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဧဒင်မြန်မာပရဟိတအဖွဲ့

ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top