ငွေကျပ်သိန်း ၅၀၀ အထိ ကံစမ်းရယူနိုင်မည့် Coca-Cola™ ၏ ပရိုမိုးရှင်းအစီအစဉ်အသစ်

22-11-2022yyl27.jpg

ဆုပေါင်းတစ်သန်းကျော်ပေးအပ်သွားမည့် “Coke™ သောက်ချိန် ရောက်ပြီ” ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ Coca-Cola က ကျင်းပသွားမည်ဖြစ်သည်။

Coca-Cola™ မူလအရသာ၊ Max+TM၊ SpriteTM အချိုရည်တို့ကို ဝယ်ယူသုံးဆောင်သည့် စားသုံးသူများအနေနှင့် Wave Money ၏ ပံ့ပိုးကူညီမှုနှင့်အတူ နေ့စဉ် ငွေသားဆုမဲ လက်ဆောင်များကို ကံထူးနိုင်မည့် အခွင့်အလမ်းများ ရရှိမည် ဖြစ်သည်။ ထို့အပြင် Coca-Cola မှ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် ၁၄ လုံးကိုလည်း အပတ်စဉ်မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကျပ်သိန်း ၅၀၀ အထူးဆုကြီး၏ ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်သည်။

ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ရန်

၁. အဝါရောင်အဖုံး PET ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော Coca-Cola™ မူလအရသာ၊ Max+TM ၊ သို့မဟုတ် SpriteTM အချိုရည်ဘူးများကို ဝယ်ယူပါ။
၂. အဖုံးခွံအတွင်းပိုင်းအတွင်းရှိသော ကုတ်နံပါတ်ကို စစ်ဆေးပါ။
၃. အချိုရည်ဘူးတံဆိပ်ခွံပေါ်တွင်ပါရှိသော QR ကုတ်ကို Scan ဖတ်ပြီး ဝက်ဘ်ဆိုက်ထဲဝင်ပါ။
၄. ဝက်ဘ်ဆိုက်တွင် ကုတ်နံပါတ်အား ထည့်သွင်းမှတ်ပုံတင်ပါ။

အထက်ဖော်ပြပါအဆင့်များအားပြုလုပ်ပြီး “Coke™ သောက်ချိန်ရောက်ပြီ” ပရိုမိုးရှင်းက ပေးအပ်မည့် ဆုပေါင်း တစ်သန်းကျော်ကို ကံစမ်းနိုင်မည်ဖြစ်သည်။ ကံထူးရှင်များအနေဖြင့် Wavepay နေ့စဉ်ငွေသားဆု ရရှိကြောင်း အသိပေးအကြောင်းကြားစာ သို့မဟုတ် အပတ်စဉ်ကံထူးရှင်ရွေးချယ်သည့်အစီအစဉ်တွင် ပါဝင်ခွင့် ရရှိကြောင်း အသိပေးအကြောင်းကြားစာကို လက်ခံရရှိမည်ဖြစ်သည်။ အပတ်စဉ်ငွေသားဆုကံထူးရှင်များကို မိမိတို့၏ Wavepay အကောင့်များထဲသို့ ငွေလွှဲပေးသွားမည်ဖြစ်သည်။နေ့စဉ်ငွေဆုမဲကံထူးရှင်များ အနေဖြင့် အပတ်စဉ် ဆုမဲရွေးချယ်ရာတွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ကျပ်သိန်း ၅၀၀ အထူးဆုကြီး ရွေးချယ်ရာတွင် ကံထူးရှင်ဖြစ်နိုင်သော အခွင့်အရေးရရှိမည်ဖြစ်သည်။

“Coke™ သောက်ချိန်ရောက်ပြီ” ပရိုမိုးရှင်းအစီအစဉ်၏ အထူးဆုကံထူးရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်ကြေညာသွားပါမည်။ အပတ်စဉ်ကံထူးရှင်စာရင်းကို Coca-Cola ၏ ‌တရားဝင် Facebook စာမျက်နှာ (https://www.facebook.com/CocaColaMyanmar) တွင် အပတ်စဉ် ဖော်ပြသွားမည် ဖြစ်သည်။ ပရိုမိုးရှင်း အစီအစဉ်အား ပိုမိုသိရှိရန်အတွက် “Coca-Cola” ၏ တရားဝင် ဝက်ဆိုက် luckybreaksMM.coca-cola.com တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top