အုန်းရည် အင်္ဂုလိမာလသုတ်နှင့် မဗိုက်

Pregant-2.jpg

မြန်မာအမျိုးသမီးတို့ ကိုယ်ဝန်ဆောင် မီးဖွားတော့မယ်ဆို အဂုၤလိမာလသုတ်နှင့် အုန်းရည်ကတော့ မပါမဖြစ် ပါပဲ။ မွေးရ ဖွားရ လွယ်စေတယ်တဲ့…။ ဒါက

မိဘဘိုးဘွား အစဉ်အဆက်ကတည်းက စွဲစွဲမြဲမြဲ လက်ခံလာတဲ့ အယူအဆတစ်ခုလို့ ဆိုရမယ်။

ဒီတော့….ဒါဟာ တကယ့်ကိုပဲ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးရှိစေမယ့် အယူ ဟုတ် မဟုတ် … လက်ခံသင့် မသင့်? ကျန်းမာရေးရှုထောင့်က ကြည့်လိုက်တဲ့ အခါကျတော့ အုန်းရည်သည် ကိုယ်ဝန်ဆောင်မဗိုက်တို့အတွက် အထူးသင့်လျော်ပါသည်တဲ့…။

အသေးစိတ်ပြောရမယ်ဆိုရင်

– အုန်းရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတယ်။

– အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာမကြေ၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးတယ်။

– ကိုယ်ခံအားတက်စေတဲ့အတွက် ရောဂါပိုးတွေကနေ ကာကွယ်ပေးတယ်။

– သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။- ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်နိုင်ချေကို လျှော့ချပေးတယ်။

– ခန္ဓာကိုယ်အကျိုးပြုအဆီတွေကို များစေပြီး၊ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့အဆီတွေကို လျော့ကျစေတယ်။

– အုန်းရည်ဟာ မိခင်ကို ကျန်းမာစေတဲ့အလျောက် သန္ဓေသားကိုလည်း ကျန်းမာစေပါတယ်။

ဘာသာရေးနဲ့ပတ်သက်လို့ကတော့…ကျန်းမာရေးရှုထောင့်အရကြည့်မယ်ဆိုရင်….မည်သည့်ဘာသာ…မည်သည့်ယုံကြည်ကိုးကွယ်မှုမဆို…. မိမိယုံကြည်သက်ဝင်ရာကို အာရုံစူးစိုက်ထားတာမျိုး ဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးမှု လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

မေ@ဆေး၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top