ဝုဗ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ် ကျောဒဏ်ရာရခဲ့ပြီး လီဗာပူးနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာ

yyl-023-8.jpg

ဝုဗ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို လူစားဝင်ကစားခိုင်းခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က မလိုလားအပ်တဲ့ ဆိုးကျိုးဖြစ်စေခဲ့တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။ ဝုဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ် ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်က လူစားဝင်ကစားခဲ့ပေမဲ့ ၁၆ မိနစ်အကြာမှာပဲ ကျောဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် (၂၂)ဂိုး သွင်းယူထားသူပါ။ မန်ယူအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ကစားရမှာပါ။

“ လာမယ့်ရက်ပိုင်းအတွင်း သူ့ကို စမ်းသပ်ရမှာပါ။ တနင်္ဂနွေနေ့ပွဲအတွက်တော့ စောင့်ကြည့်ရမှာပေါ့။ သူ့ကို ကျွန်တော် မကစားခိုင်းချင်ဘူး။ သူ့မှာ ထိခိုက်ဒဏ်ရာရထားတယ်လို့ ကျွန်တော် ထင်တယ်။ ဒူး ဒါမှမဟုတ် ကျောဒဏ်ရာပေါ့။ အဲဒါကြောင့် သူ့ကို ပွဲထွက်ကစားသမားစာရင်းမှာ မထည့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရဖို့လိုတယ်။ မန်ယူအသင်းရဲ့ အနိုင်ဂိုးမှာ ရက်ရှ်ဖို့ရဲ့ စွမ်းဆောင်မှု ပါဝင်ခဲ့တယ်။ အဲဒါက အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာလနောက်ပိုင်း မန်ယူအတွက် ပွဲစဉ်(၁၁)ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ပွဲစဉ်(၁၃)ပွဲ ပါဝင်ကစားခဲ့တဲ့အနက် (၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဝက်ဖို့ဒ် ဒါမှမဟုတ် လိဂ်ဝမ်းကလပ် ထရန်မဲလ်အသင်းနဲ့ ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top