ဇီဒန်းလက်နဲ့ထိရင် ရွှေဖြစ်တာချည်းပါပဲလို့ ရာမို့စ် ချီးကျူး

17-7-2020-yyl-010.jpg

ရီးရဲလ်အသင်းကို ၃၄ ကြိမ်မြောက် လာလီဂါဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြဇီဒန်းကို ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ရီးရဲလ်ဟာ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ လာလီဂါချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ၃ ကြိမ်မြောက် လာလီဂါဖလား ဆွတ်ခူးမှုပါ။

” ဇီဒန်းလက်နဲ့ထိလိုက်တဲ့အရာတိုင်း ရွှေဖြစ်တာချည်းပါပဲ။ ကျွန်တော်တို့ သူ့ကိုရော၊ သူ့ရဲ့စွမ်းဆောင်မှုကိုရော ယုံကြည်ပါတယ်။ သူက ထူးထူးခြားခြား စွမ်းဆောင်နိုင်သူပါ။ သူက ကစားသမားတွေအပေါ် ယုံကြည်သူပါ။ အဲဒီလိုယုံကြည်သူ ရှားပါတယ်။ ရီးရဲလ်အသင်းမှာ သူ အချိန်အကြာကြီး ဆက်ရှိနေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ရာမို့စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ လာလီဂါပြိုင်ပွဲ ပြန်စချိန်မှာ ရီးရဲလ်အသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမဲ့ ၁၀ ပွဲဆက် အနိုင်ရခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ရာသီနှောင်းပိုင်းမှာ ဆက်တိုက်ခြေချော်ခဲ့သလို အခုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း အိုဆာဆူနာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top