နည်းပြဗယ်ဗာဒီကို ထုတ်ပယ်ပြီး လူသိနည်းသေးတဲ့ နည်းပြတစ်ယောက်နဲ့ အစားထိုးခဲ့တဲ့ ဘာစီလိုနာ

yyl-007-7.jpg

ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဝက်ဖို့ဒ်အသင်း ပစ်မှတ်ထားနေတဲ့ နည်းပြ ကွီကေးဆက်တီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရာသီဝက်ကာလမှာ ဘာစီလိုနာအသင်းက နည်းပြ ထုတ်ပယ်ခဲ့တာဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာ ဘာစီလိုနာကို စတင်ကိုင်တွယ်ခဲ့တဲ့ ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့(၂)ရာသီဆက်တိုက် လာလီဂါဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး (၂၀၁၇-၂၀၁၈)ရာသီမှာ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတွေလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနည်းပြအဖြစ် (၁၄၅)ပွဲ တာဝန်ယူကိုင်တွယ်ရာမှာ (၉၇)ပွဲနိုင်၊ (၃၂)ပွဲသရေ၊ (၁၆)ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နေပေမဲ့ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာ ဘာစီလိုနာပရိသတ်တွေက ဗယ်ဗာဒီကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ဗယ်ဗာဒီကို ထုတ်ပယ်ပြီး ကွင်းလယ်လူဟောင်း ဇာဗီကို ဆက်သွယ်ခဲ့ပေမဲ့ ဇာဗီက ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အသက် ၆၁ နှစ်ရှိတဲ့ ကွီကေးဆက်တီယန်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ အစောပိုင်းမှာ ဝက်ဖို့ဒ်အသင်းရဲ့ ဆက်သွယ်ခြင်းခံခဲ့ရသူပါ။ လူသိနည်းတဲ့ ကွီကေးဆက်တီယန်ကို ဘာစီလိုနာက (၂)နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ခဲ့တာကတော့ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top