“Lion King” Prequel ဇာတ်ကားမှာ အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားတဲ့ အဆိုတော်ဘီယွန်းစေးတို့သားအမိ

30.4.24-yyl-2.jpg

Live Action အဖြစ် အသက်သွင်းပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lion King ရဲ့ Prequel ဇာတ်ကားဖြစ်တဲ့ Mufasa ရုပ်ရှင်ကားအသစ်မှာ အဆိုတော် ဘီယွန်းစေးနဲ့ သမီးဖြစ်သူ ဘလူး အိုင်ဗီ ကာတာတို့ ပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားအသစ်ရဲ့ပထမဆုံးဇာတ်ကားနမူနာကို ဧပြီ ၂၉ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ မူဖာဆာအဖြစ် အာရွန် ပိုင်ရီ၊ စကားအဖြစ် ကယ်ဗင် ဟာရီဆန် ဂျူနီယာတို့က အသံသရုပ်ဆောင်ထားကြပါတယ်။

ဘီယွန်းစေးကတော့ ၂၀၁၉ ဇာတ်ကားထဲက နာလာအဖြစ် ပြန်လည်သရုပ်ဆောင်ထားပြီး သမီးဖြစ်သူ ဘလူးအိုင်ဗီက ခြင်္သေ့ဘုရင် ဆင်ဘာနဲ့ ဘုရင်မနာလာတို့ရဲ့သမီး ကီအာရာအဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အော်စကာဆုရှင် ဘာရီ ဂျန်ကင်စ်က ရိုက်ကူးထားပါတယ်။

ဒီ Mufasa: The Lion King ဇာတ်ကားကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Mufasa: The Lion King ရဲ့နမူနာကြည့်ရှုရန် – https://www.youtube.com/watch?v=MjQG-a7d41Q

Ref: Mufasa Trailer: Beyoncé and Blue Ivy Carter Play Mother-Daughter in Disney’s Lion King Prequel

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top