Disney+ ရနိုင်တဲ့နိုင်ငံတွေမှာ Mulan ဇာတ်ကားကို (၂၉) ဒေါ်လာနဲ့ စက်တင်ဘာမှာ ကြည့်ခွင့်ရမယ်

5-8-2020-yyl-002.jpg

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ကာတွန်းကားကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ Mulan ဇာတ်ကားဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရုံတင်ပြသမယ့်ရက်ကို ခဏခဏရွှေ့ဆိုင်းထားခဲ့ရပါတယ်။ နောက်ထပ်ရွှေ့ဆိုင်းမယ်လို့ ပြောတဲ့အချိန်တုန်းကတော့ “Mulan” ဇာတ်ကားကို ဘယ်တော့ ရုံတင်ပြသမယ့်ဆိုတဲ့ ရက်အတိအကျကိုတော့ Disney က ကြေညာထားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ Disney က Mulan ဇာတ်ကားကို Disney+ Streaming Service မှာ ၂၉ ဒေါ်လာနဲ့ ပြသသွားမှာဖြစ်တယ်လို့ Disney ရဲ့ စီအီးအိုက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အဓိကဇာတ်ကောင်အဖြစ် နာမည်ကြီးတရုတ်မင်းသမီး လုရီဖေး (Liu Yifei) ပါဝင်ထားတဲ့ Mulan ဇာတ်ကားကို တချို့နိုင်ငံတွေက Disney + ကနေ ၂၉ ဒေါ်လာနဲ့ ကြည့်ရှုလို့ရနိုင်ပေမယ့် Disney+ Streaming Service အသုံးပြုလို့မရနိုင်တဲ့ အာရှအပါအဝင် တချို့နိုင်ငံတွေမှာတော့ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ အခုဆိုရင် တချို့နိုင်ငံတွေမှာ ရုပ်ရှင်ရုံတွေလည်း ပြန်လည်ဖွင့်လှစ်နေပါပြီ။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစက မတ်လမှာ ရုံတင်ပြသဖို့စီစဉ်ထားခဲ့တဲ့ Mulan ဇာတ်ကားကို ပြသမယ့်ရက် (၂) ကြိမ်တောင်ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ Mulan ဇာတ်ကားရဲ့ပထမဆုံးဇာတ်ကားနာမူနာကိုတော့ ၂၀၁၉ခုနှစ် ဇူလိုင်လက ထွက်ရှိပေးခဲ့ပါတယ်။ တရုတ်မင်းသမီး လုရီဖေးအပြင် ဒွန်နီယန်း (Donnie Yen)၊ ဂျေဆန်စကော့ လီ (Jason Scott Lee) နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

Disney+ က “Hamilton”ဇာတ်ကားနဲ့ ဘီယွန်းစေးရဲ့ “Black Is King” ထွက်ရှိပြီးတဲ့နောက်မှာ Subscriber အရေအတွက်များလာခဲ့ပါတယ်။ အခုဆိုရင် Disney+ က Subscriber (၆၀.၅) သန်းရှိနေပါပြီ။

Ref: ‘Mulan’ to debut on Disney+ in September for $29.99

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top