ချဉ်တဲ့အရာတစ်ခုကိုစားလိုက်ရင် ကျွန်တော်တို့မျက်နှာတွေ ဘာလို့ရှုံ့မဲ့သွားကြရတာလဲ

0316_blog2_568x221-1.jpg

Challenge တစ်ခုလုပ်ပါမယ်။ သံပုရာသီးတစ်လုံးကိုယူ၊ ဓားနဲ့လှီးပြီး ကိုက်စားလိုက်ပါ။ ဒီလိုစားနေစဉ်မှာ မျက်နှာကို ပုံမှန်အတိုင်းဖြစ်အောင်ကြိုးစားပါ။

လုပ်နိုင်ပါသလား။ ချွင်းချက်အချို့တော့ရှိပေမဲ့ အားလုံးနီးပါးကတော့ အနည်းနဲ့အများ မျက်နှာရှုံ့မဲ့သွားမယ် ထင်ပါတယ်။ ဒီလို အသီးသေးသေးလေးက ကျွန်တော်တို့ မျက်နှာကကြွက်သားများကို ကျွန်တော်တို့ ထိန်းထားတဲ့ကြားက ဘာလို့ အလိုလိုလှုပ်ရှားစေခဲ့တာလဲ။

အသီးသေးသေးလေးက ကျွန်တော်တို့ မျက်နှာကကြွက်သားများကို ကျွန်တော်တို့ ထိန်းထားတဲ့ကြားက ဘာလို့ အလိုလိုလှုပ်ရှားစေခဲ့တာလဲ

လက်ရှိအထိတော့ သိပ္ပံပညာရှင်များဟာ အတိအကျမသိရှိသေးပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်စဉ်မှာ အဓိကပါဝင်နေတဲ့ အရာ (၃) မျိုးရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ ပရိုတွန်များ၊ ဗိုက်တာမင် စီ နဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးများ သစ်ပင်များအပေါ်မှာ နေထိုင်နေစဉ်ကာလက အပူပိုင်းဒေသသစ်သီးသစ်ဖုများကြောင့်လို့ ယူဆနိုင်ပါတယ်။

ချဉ်တယ်ဆိုတဲ့အရသာဟာ အက်စစ်ဓာတ်နဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။ ဒါကို ဓာတုဗေဒအသုံးအနှုန်းနဲ့ ပြောမယ်ဆိုရင် အချဉ်ဓာတ်ကိုခံစားရခြင်းဟာ ကျွန်တော်တို့ ပါးစပ်ထဲမှာ လျော့ရွဲ (loose ဖြစ်) နေတဲ့ ပရိုတွန်တွေ များစွာရှိနေပြီလို့ အရသာခံတဲ့အာရုံကြောများက သတိပေးနေခြင်းပဲဖြစ်ပါတယ်။ ပရိုတွန်များရဲ့ အရသာဟာ ချဉ်တာမဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ အဲဒီ ပရိုတွန်များဆိုတာဟာ ချဉ်တယ် လို့သုံးသပ်ဖို့အတွက် မျိုးဆင့်ပြောင်းလဲ (evolve) လာခဲ့တယ်လို့ စာတမ်းအချို့က တင်ပြထားပါတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ အဲဒီ ပရိုတွန်များဆိုတာဟာ ချဉ်တယ် လို့သုံးသပ်ဖို့အတွက် မျိုးဆင့်ပြောင်းလဲ (evolve) လာခဲ့တယ်လို့ စာတမ်းအချို့က တင်ပြထား

ကျွန်တော်တို့လူသားများဟာ ရှင်သန်နိုင်ဖို့အတွက် ascorbic အက်စစ်တစ်မျိုးဖြစ်တဲ့ ဗိုက်တာမင် စီ များကို စားသုံးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ခန္ဓာအတွင်းကဆဲလ်များနဲ့ တစ်ရှူးများ ပုံမှန်အတိုင်း အလုပ်လုပ်ဆောင်ဖို့အတွက် အဆိုပါအရာဟာ အရေးပါပါတယ်။ ဒီအရာသာမရှိရင် ကျွန်တော်တို့ဟာ scurvy လို့ ခေါ်တဲ့ ဗိုက်တာမင် စီ ချို့တဲ့ခြင်းများကိုခံစားလာရမှာဖြစ်ပြီး သေစေနိုင်တဲ့ရောဂါများကိုပါဖြစ်ပေါ်စေပါတယ်။

ကျွန်တော်တို့ လူသားများအနေနဲ့ အနည်းငယ် embarrassing ဖြစ်စရာ အချက်တစ်ချက်ရှိပါတယ်။ သက်ရှိတော်တော်များများဟာ သူတို့ခန္ဓာကိုယ်တိုင်က ဗိုက်တာမင် စီ များချက်လုပ်တတ်ပေမဲ့ ကျွန်တော်တို့ လူသားများကတော့ မလုပ်တတ်ပါဘူး။ ဗိုက်တာမင် စီ ချက်လုပ်တတ်တဲ့ genetic code တစ်မျိုးဟာ နို့တိုက်သတ္တဝါများမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၁) သန်းခန့်က စတင်ဖွံ့ဖြိုးလာတယ်လို့ ၂၀၁၁ ခုနှစ်က Genetica ဂျာနယ်မှာ ထုတ်ပြန်ခဲ့တဲ့စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ (ကျွန်တော်တို့ရဲ့ ancestors များ) ဟာ ဗိုက်တာမင် စီ ကို အလိုအလျောက်ချက်လုပ်တတ်မယ့် မျိုးထွန်းခြင်း (mutation) ကို ပိုင်ဆိုင်မယ့်အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆိုပါအချိန်ကသက်ရှိအများစုဟာ သာမန်အမဲလိုက်ခြင်းနဲ့ သစ်သီးသစ်ဖုများကိုသာ စားသုံးပြီး ရှင်သန်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးများကတော့ တစ်ချိန်မှာ ကမ္ဘာပေါ် အသိဉာဏ်အမြင့်ဆုံးသက်ရှိများဖြစ်လာမယ့်မျိုးစိတ်ပီပီ စားလို့ရသမျှကို ရှာဖွေစားသောက်ကြပါတယ်။ ဒီထဲမှာ tropical သစ်သီးများပါဝင်ပြီး အဆိုပါသစ်သီးများဟာ ဗိုက်တာမင် စီ ဓာတ် (အက်ဆစ်ဓာတ်) ကြွယ်ဝတဲ့ အရာများ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဖြစ်မနေဖြစ်ပေါ်လာမယ့် mutation ကို လက်လွှတ်ခဲ့ရပါတယ်။

အချဉ်ဓာတ် သို့မဟုတ် ချဉ်တဲ့အစားအစာများဟာ ကျွန်တော်တို့ခန္ဓာအတွက် ကောင်းမွန်တဲ့ အရာများဖြစ်တယ်ဆိုရင် သူတို့ကိုစားတဲ့အချိန်မှာ ကျွန်တော်တို့မျက်နှာတွေ ဘာကြောင့် ရှုံ့မဲ့သွားကြရတာလဲ

အက်စစ်ဓာတ်နဲ့ အချဉ်ဓာတ်ဆိုတာဟာ ရုတ်တရက်ကြားလိုက်ရင်တော့ ကောင်းမွန်တဲ့အရာများမဟုတ်ပါဘူး။ ချိုမြိန်ခြင်းဆိုတဲ့စကားမှာသာ positive လက္ခဏာပါဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ချဉ်၊ ငံ၊ စပ် ဆိုတဲ့ positive အဓိပ္ပာယ်မပါဝင်တဲ့အရသာများကိုလည်း အတော်လေးကြိုက်နှစ်သက်လာကြတာကို တွေ့ရပါတယ်။

အချဉ်ဓာတ် သို့မဟုတ် ချဉ်တဲ့အစားအစာများဟာ ကျွန်တော်တို့ခန္ဓာအတွက် ကောင်းမွန်တဲ့ အရာများဖြစ်တယ်ဆိုရင် သူတို့ကိုစားတဲ့အချိန်မှာ ကျွန်တော်တို့မျက်နှာတွေ ဘာကြောင့် ရှုံ့မဲ့သွားကြရတာလဲ။ ဒီလိုမျက်နှာမျိုးဟာ တစ်စုံတစ်ခုကို ငြင်းဆန်တဲ့ rejection မျက်နှာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ ကိုယ်ကိုယ်ကိုယ် နဲ့ အခြားအရာများကို အချက်ပြတုန့်ပြန်တဲ့ signaling response များလည်း ဖြစ်နိုင်ပါတယ်လို့ Department of Nutritional Sciences at Rutgers University မှ ပရော်ဖက်ဆာ Paul Breslin က Livescience ကို ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်များဟာ ဒီ signaling response အကြောင်းကို ပိုမိုလေ့လာနိုင်ပေမဲ့ အခုချိန်အထိတော့ သေသေချာချာမသိကြရသေးပါဘူး။ ဒါကြောင့် ဒီအချက်ဟာလဲ ရိုးရှင်းပေမဲ့မဖြေရှင်းနိုင်သေးတဲ့ သိပ္ပံပဟေဠိတစ်ခုအဖြစ် စာရင်းသွင်းရမှာပဲဖြစ်ပါတယ်။

ဒီသတင်းကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top