အရိုးရှင်းဆုံးဒီဇိုင်းနဲ့ တစ်ဖန်ပြန်ထွက်ပေါ်လာမယ့် ဖေ့စ်ဘုတ် မက်ဆန်ဂျာ

facebook-messenger-4.jpg

ဖေ့စ်ဘုတ်က မက်ဆန်ဂျာရဲ့ ဒီဇိုင်းပိုင်းကို အရိုးရှင်းဆုံးပုံစံဖြစ်အောင် ပြန်ပြီး ပြင်ဆင် မွမ်းမံနေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့တွေဟာ မက်ဆန်ဂျာရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ အချင်းချင်း ဆက်သွယ်ခြင်းအပြင် သူ့မှာ ပါဝင်နေတဲ့ ဂိမ်းတွေကိုလည်း ဆော့လေ့ရှိကြပါတယ်။

လိုတာထက်များလွန်းနေတဲ့ ဂိမ်းတွေကြောင့် ဆက်သွယ်မှုတွေ လုပ်ကြတဲ့အခါ ရံဖန်ရံခါ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လေ့ရှိတာကိုလည်း သတိထားမိကြမှာပါ။

မာ့ခ် ဇူကာဘတ်က “ခင်ဗျားတို့တွေ စာပို့ကြတဲ့အခါ လွယ်ကူ မြန်ဆန်တာမျိုးကိုပဲ လိုလားကြတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့တွေက မက်ဆန်ဂျာကို အကောင်းဆုံး ပြန်လည် မွမ်းမံပစ်ဖို့ စီစဉ်နေကြပါပြီ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ မက်ဆန်ဂျာရဲ့ အကြီးအကဲ ဒေးဗစ် မားကပ်စ်က ဒီနှစ်စကတည်းက တစ်ဖွဲ့သားလုံး သေချာကြိုးစားပြီး ပြန်ပြင်ဆင်ထားတဲ့ ဒီ အပ်ပလီကေးရှင်းဟာ သိပ်မကြာခင် ထွက်လာတော့မှာပါလို့ ပြောထားပါသေးတယ်။

OLED စမတ်ဖုန်းတွေအတွက် Dark Mode ဆိုတဲ့ လုပ်ဆောင်မှု ပါဝင်မယ်လို့ သိရပါတယ်။ အပ်ပလီကေးရှင်း အောက်ခြေမှာတော့ ဆက်သွယ်မှု ပြုလုပ်နိုင်ဖို့ ရိုးရိုးရှင်းရှင်း ခလုတ်သုံးခုပဲ ထားရှိမှာ ဖြစ်ပါတယ်။ ကင်မရာနဲ့ ဗီဒီယိုကို အသုံးပြုပြီး ဆက်သွယ်ဖို့ကတော့ အပ်ပလီကေးရှင်းရဲ့ ညာဖက် အပေါ်ထောင့်မှာ ဆက်ရှိနေမှာဖြစ်ပြီး အားလုံးကို ခြုံကြည့်ရင် ခေတ်ရေစီးကြောင်းနဲ့ ပိုလိုက်ဖက်ညီလာတာကို တွေ့ရမှာပါ။ စကားစမြည်ပြောဖို့ ဖန်တီးထားတဲ့ အပ်ပလီကေးရှင်းပုံစံနဲ့ တစ်ဖန် ပြန်တူလာမယ်လိုလည့်း မျှော်လင့်ရပါတယ်။

လက်ရှိ မက်ဆန်ဂျာဗားရှင်းရဲ့ အဆင်မပြေ ဖောင်းပွမှုတွေကြောင့် မက်ဆန်ဂျာလိုက်ထ်နဲ့ အခြား စကားစမြည်ပြောနိုင်တဲ့ အပ်ပလီကေးရှင်းတွေဘက် ခြေဦးလှည့်သွားကြတဲ့သူတွေဟာ မက်ဆန်ဂျာ ဗားရှင်းအသစ်ဆီ ပြန်ရောက်လာကြမယ်ဆိုတာ သေချာသလောက်ရှိတယ်လို့ ယူဆမိပါတယ်။

Ref: NewsRepublic “Facebook is completely redesigning Messenger to make it simple again”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top