မီချီဂန်တက္ကသိုလ် က ဖန်တီးထားတဲ့ ကမ္ဘာ့အသေးဆုံး ကွန်ပျူတာ

worlds-smallest-computer_1600.jpg

မီချီဂန်တက္ကသိုလ်က နာမည်ကြီး IBM ကုမ္ပဏီထက် ပိုသေးတဲ့ကွန်ပျူတာတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ ကွန်ပျူတာရဲ့ အရွယ်အစားက 0.3mm × 0.3mm ပမာဏပဲရှိပြီး IBM က ထုတ်လုပ်ထားတဲ့ 1mm × 1mm ကွန်ပျူတာထက် အတော်လေး ပိုပြီး သေးငယ်နေတာကို တွေ့ရပါတယ်။

မီချီဂန်အဖွဲ့က “အရွယ်အစားတင် သေးငယ်တာ မဟုတ်ပါဘူး။ ဖန်တီးနိုင်စွမ်းလည်း သာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီ project ကို တွဲဖက်တာဝန်ယူထားတဲ့ ပါမောက္ခ ဒေးဗစ် ဘလော (David Blaauw) က ကျွန်တော်တို့ ဖန်တီးထားတာက ၁ဝဆ ပိုသေးတဲ့အတွက် ပိုသေးတဲ့နေရာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ IBM ကွန်ပျူတာက သူ့ဘာသာ code တွေ ဖတ်နိုင်တယ်ဆိုပေမယ့် လှုပ်ရှားမှုတွေကို မသိနိုင်ပါဘူး” ဆိုပြီးလည်း ပြောထားပါတယ်။ ဒီလို ပြောထားတာအတွက် IBM က ဘာမှ ပြန်လည် မဖြေရှင်းခဲ့ပါဘူး။

လွန်ခဲ့တဲ့ မတ်လလောက်က IBM က ဆားတစ်ပွင့်ထက် သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ကွန်ပျူတာကို ဖန်တီးနေပါပြီဆိုပြီး ပြောကြားခဲ့ပါသေးတယ်။ သေးငယ်တဲ့အရာတွေက ပိုကောင်းမယ့်အရာတွေကို ဖန်တီးဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။ မီချီဂန်တက္ကသိုလ်ရဲ့ အပြောအရဆိုရင် သေးငယ်တဲ့အရာတွေ အသုံးပြုပြီး ရောဂါတွေ ရှာဖွေနိုင်မယ်၊ ကုသနိုင်မယ် အစရှိသဖြင့် အကျိုးရှိတဲ့အလုပ်တွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီတီထွင်မှုမှာ မီချီဂန် အင်ဂျီနီယာတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ပါမောက္ခ ဂယ်ရီ လူကာ(Gary Luker) က “အပူချိန် အာရုံခံစက်ကို အသုံးပြုပြီး ပုံမှန် တစ်ရှူးတွေနဲ့ ကင်ဆာ တစ်ရှူးတွေရဲ့ အပူချိန် ကွာခြားချက်တွေကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါက ကုသမှုအပိုင်းမှာ အထောက်အကူ ဖြစ်စေမှာပါ” လို့ ပြောခဲ့ပါတယ်။

ဆန်တစ်စေ့ထက် သေးငယ်တဲ့ ကွန်ပျူတာမှာတော့ ပါဝင်တဲ့စွမ်းဆောင်ရည်က ကန့်သတ်ချက်တော့ ရှိမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့်နယ်ပယ်ပေါ် မူတည်ပြီး လုပ်ဆောင်မှုတွေ ကွာသွားမှာ ဖြစ်ပြီး ပါဝါမရှိတော့တဲ့အချိန်မှာ ပုံမှန်အရွယ်အစား ကွန်ပျူတာတွေလို အချက်အလက်တွေကို သိုလှောင်ပေးထားမှာ မဟုတ်ပါဘူး။ IBM ကွန်ပျူတာလည်း ဒီအတိုင်းပါပဲ။

ဒါကို ကွန်ပျူတာတစ်လုံးအဖြစ် သတ်မှတ်သင့်လားဆိုတာကတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါက လုပ်ဆောင်ချက် အနည်းငယ်သာ လိုအပ်မယ့်ကိစ္စတွေအတွက် အဓိက ရည်ရွယ် ဖန်တီးထားတာပါလို့ ဒေးဗစ်က ပြောကြားထားပါတယ်။

ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို လက်ကမ်းကြိုဆိုကြရအောင်လား . . .

Ref : Cnet “University of Michigan outdoes IBM with world’s smallest computer”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top