အီရန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာသင်္ဘောသားများကို ပြန်လွှတ်ပေးရန် သဘောတူ

2-2-2021-yyl32.jpg

မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယားရေနံတင် သင်္ဘောပေါ်မှ သင်္ဘောသားအားလုံးကို အီရန်အစိုးရက ပြန်လွှတ်ပေးမည်ဟု အီရန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Abbas Araghchi က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်က ဟော်မုဇ်ရေလက်ကြားတွင် အီရန်လက်နက်ကိုင် တော်လှန်ရေးအစောင့်တပ်များက ကိုရီးယားနိုင်ငံ အခြေစိုက် DM Shipping Co., Ltd ကုမ္ပဏီပိုင် Hankuk Chemi ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ရာ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် သင်္ဘောသားများနှင့်အတူ မြန်မာသင်္ဘောသား (၁၁) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အီရန်အစိုးရက သင်္ဘောသားများအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး သင်္ဘောစီမံအုပ်ချုပ်မှုအတွက် ရေယာဉ်မှူးကို ဆက်ထားရှိမည်ဖြစ်ကြောင်း၊ အီရန်တရားရေး အာဏာပိုင်များက သင်္ဘောသားများကို အီရန်နိုင်ငံမှ ထွက်ခွာခွင့်ပြု ပေးကြောင်း ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: MoFA

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply