ဒိုင်နိုဆောခေတ်က မြွေသန္ဓေသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာ့ပယင်းတုံးထဲမှာ ရှာဖွေတွေ့ရှိခဲ့

39917970_312389389517808_7838323402623418368_n.jpg

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံတကာသုတေသနပညာရှင်တွေ့ရဲ့ မှတ်တမ်းများအရ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ပယင်းတုံးအသားထဲကနေ မြွေကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို

ပထမဦးဆုံးအကြိမ်အနေနဲ့ ထူးထူးခြားခြားပဲ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီမြွေရဲ့ မျိုးစိတ်ကိုတော့ Xiaophis myanmarensis လို့ ခေါ်ပါတယ်။ ဒီမြွေရဲ့သက်တမ်းဟာ နှစ်ပေါင်း ၉၉ သန်းထိ ရှိခဲ့ပါပြီ။ ဘူမိဗေဒကာလတွက်ဆမှုအရ ဒိုင်နိုဆောခေတ်၊ Cretaceous Period ခေတ်ကာလကတည်းက တည်ရှိခဲ့တဲ့ မြွေလို့ ဆိုနိုင်ပါတယ်။

ဒီမြွေအရိုးစုလေးမှာ ဦးခေါင်းပိုင်းမပါဝင်ဘဲ ပျောက်ဆုံးနေသလို အလျား ၅ စင်တီမီတာနီးပါးသာ ရှည်လျားတာကြောင့် သန္ဓေသား မြွေပေါက်စလေးအဖြစ် ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ အလွန့်အလွန် ပါးလွှာတဲ့ ကျောရိုးဆစ် ၉၇ ခုက ယင်းမြွေရဲ့ ၅ စင်တီမီတာ ရှည်လျားတဲ့ ကိုယ်ခန္ဓာထဲမှာ ထောက်ကန်ပေးထားကြတာပါ။

မြွေတွေကို ကျောက်ဖြစ်ရုပ်ကြွင်းစုတွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့အကြိမ်ရေဟာ သမိုင်းမှာ ရှားပါးလွန်းလှပါတယ်။

” အထူးသဖြင့် အရွယ်အစား သေးငယ်လှတဲ့ သတ္တဝါတွေဟာ အလွယ်တကူပဲ ပျက်စီးသွားခဲ့နိုင်တာကြောင့် ကာလကြာရှည်အောင် ရုပ်ကြွင်းစုတွေအဖြစ် ကျန်ရစ်တည်ရှိခဲ့ဖို့က အတော်လေးကို ခဲယဉ်းလွန်းပါတယ်။ တကယ်အံ့အားသင့်စရာပါ ” လို့ ကနေဒါ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် မိုက်ကယ်ကော့ဒ်ဝဲလ် (Michael Caldwell) က ပြောပြခဲ့ပါတယ်။

အခုဖြစ်စဉ်ရဲ့ အကြောင်းအရင်းကတော့ ပယင်းတုံးမှာရှိတဲ့ ပယင်းအစေးရည်နဲ့ စီမံထားသလို ဖြစ်ပြီး မြွေသန္ဓေသားကလေးကို တာရှည်ခံတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းစုအဖြစ် နှစ်ပေါင်းသန်းနဲ့ချီ ချို့ယွင်းချက်မရှိ မပျက်မစီးဘဲ တည်မြဲစေခဲ့ပုံရပါတယ်။

Ref: Sciencenews.org “Myanmar holds the first known baby snake fossil”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top