ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ VK လူမှုကွန်ယက်စာမျက်နှာ ပိတ်ပင်ခံရ

41919787_2117032381694056_5219317010550226944_n.jpg

ပြီးခဲ့တဲ့လက လူမှုကွန်ယက် (Social Media) ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပိတ်ပစ်ခြင်းခံခဲ့ရတဲ့ မြန်မာတပ်မတော် ထိပ်တန်းအကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသုံးပြုနေတဲ့ ရုရှားအခြေစိုက် လူမှုကွန်ယက်

VK (VKontakte) က စာမျက်နှာဟာလည်း ပိတ်ပင်ခြင်း ခံလိုက်ရပြန်ပါတယ်။

ရခိုင်ဒေသက ဘင်္ဂလီတွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် စစ်တပ်နဲ့ ပတ်သတ်တဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ ၄၆ ခု နဲ့ ဖေ့စ်ဘွတ်အကောင့် ၁၂ ခုကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒီလိုဖယ်ရှားခံခဲ့ရပြီးနောက် ၄၈ နာရီအတွင်း VK လူမှုကွန်ယက်မှာ Senior General Min Aung Hlaing အမည်နဲ့ VK စာမျက်နှာဖွင့်ကာ သတင်းအချက်အလက်တွေကို မြန်မာနဲ့ အင်္ဂလိပ်ဘာသာ နှစ်မျိုး အသုံးပြုပြီး နေ့စဉ်တင်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ Follower ပေါင်း ၃၇၀၀၀ လောက်ရှိနေပြီ ဖြစ်တဲ့ VK လူမှုကွန်ယက်က အဲဒီစာမျက်နှာဟာလည်း စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တာကြောင့် ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ VK လူမှုကွန်ယက်မှာ နောက်ထပ် စာမျက်နှာအသစ်ဖွင့်ထားတာကို တွေ့ရပြီး အခုလတ်တလောမှာ Follower ပေါင်း ၅၀၀၀ ကျော် ရှိနေပြီ ဖြစ်သလို သူ့ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့လည်း ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Ref : VOA & Coconuts Yangon “Myanmar Military Chief Banned from Russian social media platform VK”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top