သေခြင်းတရားရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ

40448929_2097180977012530_1171949335009558528_o.jpg

ကျွန်တော်တို့ သေပြီးတဲ့နောက် ဘာတွေဆက်ဖြစ်သွားမှာလဲ…သေဆုံးခြင်းဆိုတာဘာလဲ…ကျွန်တော်တို့ရဲ့ နောက်ဆုံးအသက်ရှုခြင်းအပြီးမှာ

ဘာတွေရှိနေမလဲ…ဒါက သိပ်ကိုထူးဆန်းသလို သိနိုင်ဖို့မလွယ်ပေမဲ့ လူတွေ သိပ်ကိုသိချင်ကြတဲ့ ကိစ္စတစ်ခုဆိုရင်လည်း မမှားပါဘူး။

သေဆုံးခြင်းကို နားလည်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ စိတ်ရဲ့သဘာဝ (နာမ်) နဲ့ ခန္ဓာကိုယ် (ရုပ်) တို့ကို နားလည်ဖို့ လိုအပ်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဘဝသစ် တည်ရှိနေတယ် ဆိုတာကိုလဲ ယုံကြည်ထားဖို့တော့ လိုပါတယ်။ လူအများစုက စိတ် (နာမ်) ဆိုတာဟာ ဦးနှောက်အလုပ်လုပ်နေတာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ တခြားအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုခု ဆက်လက်အလုပ်လုပ်နေတာကို ရှင်သန်နေသေးတာဖြစ်တယ်လို့ ယူဆကြတာပါ။ ဒါက မှန်ကန်တဲ့ ယူဆချက် မဟုတ်ပါဘူး။ တကယ်တော့ ဦးနှောက်ဆိုတာ ထိတွေ့ ခွဲစိတ်ပြုပြင်နိုင်သလို မျက်စိနဲ့မြင်နိုင်တဲ့ ရုပ်အစိတ်အပိုင်းသာ ဖြစ်ပြီး စိတ် (နာမ်) ဆိုတာကတော့ ထိတွေ့ကိုင်တွယ် မြင်တွေ့နိုင်တဲ့ အရာမဟုတ်ပါဘူး။

ဥပမာအားဖြင့် ခန္ဓာကိုယ်ဟာ အနားယူနေပေမဲ့ စိတ်အတွေးဟာ နေရာအနှံ့ကို ရောက်နေပြီး အလုပ်ရှုပ်နေနိုင်ပါတယ်။ ဗုဒ္ဓဘာသာအဆိုအရတော့ ခန္ဓာ (ရုပ်) ဟာ နားခိုရာ အိမ်တစ်လုံးဆိုရင် စိတ် (နာမ်) ဟာ ခေတ္တနားခိုသူတစ်ယောက် ဖြစ်တယ်လို့ ဆိုပြီး သေဆုံးတဲ့အခါ စိတ် (နာမ်) ဟာ ခရီးသွားတစ်ယောက်လို ခန္ဓာ (ရုပ်) ကို ထားခဲ့ကာ နောက်ဘဝအသစ် (ခန္ဓာအသစ်) ဆီ ကူးပြောင်းတယ်လို့ ဆိုပါတယ်။ စိတ် (နာမ်) ဆိုတာ ရုပ်ဝတ္ထုတွေအပေါ်မှာ နားလည် သိမြင်နိုင်ပြီး အကောင်အထည် ဖော်ပြလို့မရတဲ့ ဆက်သွယ်နိုင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

သေဆုံးတယ်ဆိုတာဟာ စိတ် (နာမ်) နဲ့ ခန္ဓာ (ရုပ်) တို့ အပြီးအပိုင် ခွဲထွက်သွားတာပါ။ တကယ်က စိတ် (နာမ်) နဲ့ ခန္ဓာ (ရုပ်) အမြဲတမ်း သတ်သတ်စီဖြစ်ပြီး လတ်တလော မသေဆုံးသေးခင် အချိန်လေးဟာ ဆက်သွယ်ချက်တွေ ရှိနေသေးလို့သာ ဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့ အချိန်တိုင်းဟာ သေဆုံးတာနဲ့ တော်တော်လေးတူပေမယ့် စိတ် (နာမ်) ဟာ အဝေးထွက်သွားတာမျိုး မဟုတ်ဘဲ ခဏတာ ရှိနေလျက်နဲ့ ဆက်သွယ်ချက်ကို မသိလိုက်တာမျိုးသာ ဖြစ်ပါတယ်။

သေဆုံးခြင်းဟာ ဘဝတစ်ခုရဲ့ အဆုံးသတ်ဖြစ်သလို ဘဝအသစ်ရဲ့ အစလည်း ဖြစ်ပါတယ်။ ဘဝတစ်ခုမှာရရှိခဲ့တဲ့ ရုပ်ဝတ္ထု ဘယ်အရာကိုမဆို အဲဒီဘဝမှာပဲ ထားခဲ့ရမှာ ဖြစ်ပြီး ဆက်နွယ်တည်ရှိမှုတွေဟာ သေဆုံးချိန်ပြီးရင် မသက်ဆိုင်တော့ပါဘူး။

Ref : KADAMPA Buddhism “What is Death? What happens after Death?”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top