ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ ဆေးဝါး စမ်းသပ်ထိုးနှံခဲ့သူတွေ ကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်နေ

2-4-2020-yyl-065.jpg

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ ဆေးကို စမ်းသပ်ထိုးနှံခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ ပထမအသုတ်ဟာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူခဲ့ပြီးနောက် ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်က ဝူဟန်မြို့ ဓာတ်ခွဲခန်းမှာ ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ ဆေးဝါးကို ပထမဆုံး စမ်းသပ်ထိုးနှံခံခဲ့သူ ၁၄ ယောက်ဟာ ဧပြီလ ၂ ရက်နေ့က သူတို့ရဲ့ နေအိမ်တွေကို ပြန်သွားကြပါပြီ။

အသက် ၁၈ နှစ်ကနေ အသက် ၆၀ ကြားအရွယ်ရှိပြီး ကျန်းမာရေးကောင်းမွန်သူ ၁၀၈ ယောက်ကို
ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ရာမှာ ပထမဆုံး ၁၈ ယောက်က ပြီးခဲ့တဲ့ကြာသပတေးနေ့မျာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှု ပြီးမြောက်အောင်မြင်ခဲ့လို့ အိမ်ပြန်သွားခဲ့ကြတာပါ။ ကာကွယ်ဆေးစမ်းသပ်ထိုးနှံခံခဲ့တဲ့ စေတနာ့ဝန်ထမ်းအားလုံးကို သုတေသနအဖွဲ့က နောက်ထပ် ၆ လကြာ စောင့်ကြည့်သွားမှာဖြစ်ပြီး ပဋိဇီဝပစ္စည်းတွေကို ခွဲခြမ်းစစ်ဆေးဖို့ သူတို့ရဲ့သွေးနမူနာတွေ ဖောက်ယူမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ဘေးကင်းပြီး ထိရောက်မှု ရှိ၊ မရှိသိရဖို့အတွက် ပြည်ပမှာ နောက်ထပ်စမ်းသပ်ထိုးနှံမှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တရုတ်စစ်တပ်ရဲ့ ဇီဝစစ်ပွဲဆိုင်ရာ ကျွမ်းကျင်ပညာရှင် ချန်းဝေနဲ့ သူ့အဖွဲ့က အဲဒီဆေးဝါးကို ဖန်တီးခဲ့ကြတာပါ။ သူတို့အဖွဲ့က ကာကွယ်ဆေးထိုးနှံခံတဲ့ စေတနာဝန်ထမ်းအဖွဲ့ ၃ ဖွဲ့ကို ဆေးပမာဏ အမျိုးမျိုး ထိုးသွင်းပြီး စမ်းသပ်ခဲ့ကြတာပါ။ ကာကွယ်ဆေးထိုးပေးပြီးနောက်မှာတော့ သူတို့ရဲ့အခြေအနေကို သိရဖို့ စေတနာ့ဝန်ထမ်းတွေကို ဝူဟန်မြို့ ကျန်းမာရေးအထူးဝန်ဆောင်မှုစင်တာမှာ သီးသန့်ခွဲခြားထားခဲ့ပါတယ်။

” ဒီကာလအတွင်း ကျွန်တော့်ကျန်းမာရေးဒေါင်ဒေါင်မြည်ပါပဲ။ ကိုက်ခဲတာ၊ နာကျင်တာမျိုး မဖြစ်ပါဘူး။ ဆေးထိုးထိုးချင်းတုန်းကတော့ ဆေးထိုးတဲ့နေရာက နည်းနည်းနာတယ်။ ဒီဆေးကို ကျွန်တော် အရမ်းယုံကြည်ပါတယ်။ သိပ်မကြာခင် ပြည်သူတွေကို ထိုးပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်”လို့ ကာကွယ်ဆေးထိုးနှံခံခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံခံခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကလည်း ”ပုံမှန်ဆေးထိုးနေကျ အတိုင်းပါပဲ။ ဘာမှမကွဲပြားပါဘူး။ ဆေးထိုးခံရတုန်းက ခြင်ကိုက်ခံရသလောက်ပဲ နာတာပါ”လို့ ပြောပါတယ်။ ဓာတ်ခွဲခန်းမှာ လူတွေကို စမ်းသပ်ထိုးနှံပေးခဲ့တဲ့ ရလဒ်တွေကို ဒီလအတွင်း ထုတ်ပြန်ကြေညာမယ်လို့ China Daily သတင်းစာက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top