အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၆-၁၂-၂၀၁၈ မှ ၂၂-၁၂-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-3-December.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁၆-၁၂-၂၀၁၈ မှ ၂၂-၁၂-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသား/သမီးတို့သည် စီးပွားရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ များသော်လည်း ရည်ရွယ်ချက်အတိုင်းဖြစ်မလာသေး၍ စိတ်မောနေရမည်။ လုပ်ငန်းများအားတစ်ခုပြီးမှ တစ်ခုလုပ်ပါ။ စားသောက်ကုန်၊ ဆန်၊ ပဲလုပ်ငန်းများ ပိုမိုအောင်မြင်မှုရှိမည်။ စပ်တူလုပ်ငန်းများ အတိုက်အခံပေါ်မည်။ သို့သော် ကျော်လွှားနိုင်မည်။ ကျန်းမာရေးအနေဖြင့် မတော်တဆဖြစ်တတ်သည်။ ခါးထိခိုက်မိမည်။ ထို့ကြောင့် အသွား၊ အလာ၊ အတက် အဆင်း ဂရုစိုက်ပါ။ အချစ်ရေးမှာ အဆင်ပြေမည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ ပညာရေးသမားများ စာကြိုးစားပါ။ ဝန်ထမ်းများ အလုပ်တွင် သောကများနေတတ်သည်။

အကျိုးပေးဂဏန်း ၁၊ ၅၊ ၇

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် အုန်းသီးပါသောမုန့်ကို ကလေးများအား ဝေပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသား/သမီးတို့သည် စီးပွားရေးတွင် ကွက်ကျော်မြင် အကဲခတ်ကောင်းမှုကြောင့် ကံကောင်းမှုနှင့် အောင်မြင်မှု မုချရရှိလိမ့်မည်။ ဆုံးရှုံးသွားသောငွေကြေး၊ ပစ္စည်းများ ပြန်ရမည်။ အရင်းနှီးဆုံးသူငယ်ချင်း၊ မိတ်ဆွေ၊ အစုရှယ်ယာဝင်များနှင့် စိတ်ဝမ်းကွဲမည်။ အထင်လွဲမည်။ သူများအတွက် အာမခံပါက သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ ငွေကြေးကိုကစားနေသူများ သတိထားပါ။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါသည်များ သတိထားသင့်ပါသည်။ အချစ်ရေးညံမည်။ အိမ်ထောင်ရှင်များ အိမ်ပြောင်းရမည်။ မရည်ရွယ်ပဲ ခရီးဝေးသွားဖြစ်မည်။ ခြေ၊ လက်တို့ အနာတရ ဖြစ်ရန်ရှိသည်။ ကားဝင်တတ်သည်။ ဝန်ထမ်းများ အလုပ်အကိုင် အပြောင်းအလဲ ဖြစ်မည်။

အကျိုးပေးဂဏန်း ၂၊ ၃၊ ၄

ယတြာ – တနင်္လာနေ့တွင် ငှက်ကလေးများကို အစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသား/သမီးတို့သည် စီးပွားရေးအတွက် စတင်အဆင်ပြေမည့်အချိန်ဖြစ်သည်။ ဆရာသမားတစ်ဦး၏အကူအညီဖြင့် စီးပွားရေးလမ်းသစ်ပွင့်မည်။ ငွေကြေးကိစ္စသတိထားပါ။ ပြဿနာ ဖြစ်တတ်သည်။ ရည်ရွယ်ချက်မရှိဘဲ စီးပွားရေးလုပ်ငန်းအတွက် ခရီးထွက်ဖြစ်မည်။ အချစ်ရေး။ အိမ်ထောင်ရေးကိစ္စများ ရှုပ်ထွေးနေမည့် ကာလတစ်ခုဖြစ်သည်။ ကျန်းမာရေးအရ ထိခိုက်ရှနာ ဖြစ်ကိန်းရှိ၍ ယာဉ်ဂရုစိုက်မောင်းပါ။ ရင်းနှီးသူအတွက် ဂတိပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်သင့်ပါ။ အနုပညာလုပ်ငန်းလုပ်နေသူများအတွက် အထူးကောင်းပါသည်။ ယခုအပတ်အတွင်း မြေ၊အိမ် ဝင်လိမ့်မည်။ဝန်ထမ်းများ သင်တန်းတက်ရောက်ရတတ်သည်။ အထက်လူကြီးကြောင့် စိတ်သောကရောက်ရမည်။

အကျိုးပေးဂဏန်း ၃၊ ၅၊ ၇

ယတြာ – အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို ဇီးယိုဆွမ်း ကပ်လှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသား/သမီးတို့သည် စီးပွားရေးအတွက် စိတ်လေနေမည့်ကာလဖြစ်သည်။ လုပ်သမျှစီးပွားရေး အရာမထင်ဖြစ်နေမည်။ လူယုံသတ်သဖြင့် ငွေကြေး၊ပစ္စည်းဆုံးမည်။ အထူးသဖြင့် ကျောက်မျက်ရတနာလုပ်ကိုင်သူများသတိထားပါ။ လူလိမ်မိမည်။ အချစ်ရေးတွင် ချစ်သူ၏အထင်လွဲခြင်းခံနေ ရတတ်သည်။ အိမ်ထောင်ရှင်များ အဝေးမှ လက်ဆောင်ရမည်။ ကျန်းမာရေးအနေဖြင့် ခါးနာခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်မည်။ နေမကောင်းမကြာခဏဖြစ်တတ်သည်။ မိမိလုပ်ငန်းတွင် လက်အောက်ငယ်သားရန်ဖြစ်မည်။ ရုံးရောက်ဂါတ်ရောက်ဖြေရှင်းရတတ်သည်။ လုပ်ငန်းအတွင်းပစ္စည်း ပျောက်ကိန်းရှိသည်။ ဝန်ထမ်းများ လုပ်ငန်းစာမေးပွဲအောင်မည်။ နေရာအပြောင်းအရွှေ့ွရှိသည်။

ရာဟု။ ။ရာဟုသား/သမီးတို့ ကံကောင်းပါသည်။ စီးပွားရေးတွင် ယာဉ်ကားရောင်းဝယ်ခြင်းဖြင့် အမြတ်အစွန်းရမည်။ အချစ်ရေးတွင်သာယာမည်။ ကျန်းမာရေးအနေဖြင့် ညာဘက်မျက်လုံးထိခိုက်မိတတ်သည်။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၆

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ရွက်လှပန်း(၁၇) ညွှန့်ပူဇော်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသား/သမီးတို့သည် စီးပွားရေးအတွက်စကားပြောဆိုရာတွင် လိုရင်းကိုမရောက်ဘဲ အကြိမ်ကြိမ်ကြိုးစားရလိမ့်မည်။ ရှယ်ယာကိစ္စအတွက် အထူးဆင်ခြင်ပါ။ ခင်မင်သူများ၊ အစုရှယ်ယာရှင်များ၊ စပ်တူလုပ်သူများ စိတ်ဝမ်းကွဲကိန်းရှိသည်။ လုပ်ငန်းအောင်မြင်ခြင်းအပေါ် မနာလိုသူများမည်။ အတိုက်အခံရှိသည်။ ဘဏ်ချေးငွေရလိမ့်မည်။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကောင်းသည်။ ဆွေမျိုးသားချင်းနေမကောင်းဖြစ်လိမ့်မည်။ အလုပ်အကိုင်စာမေးပွဲ၊ အင်တာဗျုး ဖြေလျှင် အောင်မည်။ ဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြု ငွေကြေးရမည်။ ထီထိုးသင့်သည်။

အကျိုးပေးဂဏန်း ၅၊ ၀၊ ၃

ယတြာ – ကြာသပတေးနေ့တွင် လမ်းဘေးခွေးများကို အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသား/သမီးတို့သည် စီးပွားရေးတွင် လူယုံသတ်သဖြင့် ဘာမှလုပ်မဖြစ်အောင် စိတ်ညစ်နေရမည်။ လူယုံကြောင့် မိမိနှင့် လုပ်ဖော်ကိုင်ဘက်များ၏ အထင်အမြင်လွဲခံရခြင်း ၊ အစွပ်စွဲခံရခြင်း အပြစ်တင်ခံရခြင်းများ ကြုံကိန်းရှိသည်။ လုပ်ငန်းနှင့်ပတ်သက်ပြီး ငွေကြေးမလုံလောက်သဖြင့် ပျက်တတ်သည်။ အချစ်ရေးတွင် လက်ထပ်ရက်ရွေးပြီးမှ နောက်တစ်ရက်ပြန်ရွေးရတတ်သည်။ အိမ်ထောင်ရှင်များ ကောင်းပါသည်။ ကျန်းမာရေးအတွင် သွေးတိုးသမားများ သတိပြုပါ။ ပညာရေးကျောင်းသူ/ကျောင်းသားများ မတော်တဆထိခိုက်မိတတ်သဖြင့် သတိထားပါ။ အစိုးရဝန်ထမ်းများ မိမိအလုပ်တွင် သူခိုးဝင်တတ်သဖြင့် အထူးသတိပြုပါ။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၈

ယတြာ – သောကြာနေ့နံနက်တွင် သစ်သီးအစုံလှူဒါန်းပါ။

စနေ

ယခုအပတ်အတွင်း စနေသား/သမီးတို့သည် စီးပွားရေးအတွက် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဖြစ်မည်။ နိုင်ငံခြားအလုပ်အကိုင်များ အဆင်ပြေမည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများ ပို၍ကောင်းလာမည်။ ထီပေါက်ခြင်း၊ မြေရောင်းမြေဝယ်ခြင်း ဖြစ်လိမ့်မည်။ကျန်မားရေးအတွက် နှလုံးရောဂါသတိပြုပါ။ အလှူအတန်းလုပ်ဖြစ်မည်။ ဘာသာရေးအဆောက်အဦးတစ်ခု ပြုပြင်ရလိမ့်မည်။ အချစ်ရေးတွင် စွဲလန်းသူနှင့် ဖူးစာဆုံတွေ့မည်။ အိမ်ထောင်ရှိသောသူတို့ နှစ်ဘက်မိဘတို့ကြောင့် အေးစက်နေမည်။ ဝန်ထမ်းများလုပ်ငန်းတိုးတက်မှုရှိမည်။ အင်တာဗျုးအောင်မည်။

အကျိုးပေးဂဏန်း ၇၊ ၉၊ ၂

ယတြာ – စနေနေ့တွင် သံဃာတစ်ပါးအား ဆေး ကပ်လှူပါ။

 

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top