ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ တရားထိုင်တဲ့ ထိုင်းနိုင်ငံက ကလေးတစ်သန်း

praylarge.jpg

နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံရှိ ကျောင်းပေါင်း ၅၀၀၀ မှ ကလေးပေါင်း ၁ သန်းဝန်းကျင်က ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် စုဝေး တရားထိုင်ကြပါတယ်။ ဒီအစီအစဉ်ကို V-Star , Change the World လို့အမည်ပေးထားပြီး ကျောင်းသူ ၊ ကျောင်းသားလေးတွေကို ဗုဒ္ဓ ဘုရားကျောင်းဆီ ခေါ်ဆောင်ပြီး တစ်နေ့တာ တရားထိုင်ခိုင်းခြင်းပါ။

ယနေ့ခေတ်သမိုင်းမှာ အလွန်တရာထူးခြားလှတဲ့ စုဝေးမှု တစ်ခုဖြစ်ပြီး ကျောင်းပေါင်း ၅၀၀၀ ကျော်က ကလေးပေါင်း ၁ သန်းကျော် Phra Shammakaya ဘုရားကျောင်းမှာ ကမ္ဘာကြီး င်ြိမ်းချမ်းဖို့ စုဝေး တရားထိုင်ကြတာ ဂုဏ်ယူဖွယ်ရာပါ။

တရားထိုင်တာက အတွင်းစိတ် ငြိမ်းချမ်းသူတွေနဲ့သာ အလုပ်ဖြစ်ပြီး လောဘကြီးသူ ၊ အကျင့်ပျက်ခြစားသူတွေအတွက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ သူတို့မှာ နှလုံးသား နဲ့ စိတ်ဝိဥာဏ် မရှိတာကြောင့် မငြိမ်းခြင်းတွေပဲ ကိန်းအောင်းနေပြီး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းမြင့်မြတ်တဲ့ အတွေးတွေရှိနေရင် ကောင်းတဲ့ခံစားချက်တွေ ဖန်တီးပေးပါတယ်။ အလားတူပဲ ဓမ္မက မကောင်းတဲ့ရန်စွယ်တွေကိုယ့်ကို မတိုက်ခိုက်အောင်နဲ့ ကိုယ့်အပေါ်လွှမ်းမိုးသက်ရောက်ခြင်းမပြုရအောင် သင်ကြားပေးပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ တရားဓမ္မကို ကိုယ်တိုင်က ထိန်းသိမ်းရမှာ ပါ။ ဒီလိုမျိုး အကောင်းမြင်စိတ်က လူတစ်ဦးချင်းစီက နေအစပျိုးပြီး တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားအောင်ဖန်တီးပေးနိုင်ပါတယ်။

လူတွေမှာ အမှောင်စိတ်နဲ့ အလင်းစိတ် ဒွန်တွဲနေပါတယ်။ အမှောင်စိတ်က ငွေ ၊ အကျင့်ပျက်ခြစားမှု ၊ ဥပဒေနဲ့ မညီညွတ်တဲ့အရာတွေဆီ ဆွဲခေါ်နေချိန်မှာ လမ်းမှားမရောက်ဘဲ အလင်းဘက်ခြမ်းကို မြန်မြန် ကူးနိုင်အောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့က ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲမီ ကိုယ့်ရဲ့ အတွင်းစိတ်သဏ္ဍန်ကို အရင်ပြောင်းလဲပစ်ရမှာပါ။ အတ္တစိတ်တွေကို ပျော်ဝင်သွားစေပြီး ဘဝခွန်အားနိုးကြားစေခြင်း ၊ စွမ်းရည်ပြည့်ဝ နှလုံးလှခြင်းဖြစ်စေမယ့် သော့ချက်က တရားထိုင်ခြင်းပါ။

ဒါကြောင့် ထိုင်းနိုင်ငံက ကျောင်းသားလေးတွေက ချစ်ခြင်းမေတ္တာတရား ၊ ဓမ္မအလင်း တို့နဲ့ အတွင်းစိတ်ကို ဖြူစင်အောင် အားထုတ်ကြတာပါ။ လူမျိုး ၊ ဘာသာရေး ၊ အသားအရောင် ၊ ကျား/မ ၊ နယ်မြေဒေသ မခွဲခြားဘဲ တစ်ကမ္ဘာလုံးမှာ သင့်တင့် မျှတစွာ လက်တွဲသွားမယ်ဆိုရင် ကမ္ဘာကြီး ဘယ်လောက်တောင် အေးချမ်းလိုက်မလဲနော်…။
Ref: 1 Million Children Meditating For World Peace In Thailand
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top