လက်စတာ (၉)ဂိုးပြတ်နိုင်တဲ့ ပွဲရလဒ်ကို အတိအကျခန့်မှန်းပြီး ပေါင်(၁၅၀၀)ရခဲ့သူ

yyl-30-006.jpg

ဆောက်သမ်တန်ကို အဝေးကွင်းမှာ (၉)ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လက်စတာအသင်းရဲ့ စွမ်းဆောင်မှုကတော့ ဘောလုံးလောကမှာ ပြောစမှတ်တွင်ခဲ့ပါတယ်။ လက်စတာဟာ (၁၃၁)နှစ်ကြာမြင့်တဲ့    အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲ     သမိုင်းမှာ အဝေးကွင်း ဂိုးအပြတ်ဆုံးနိုင်ပွဲရတဲ့  အသင်းအဖြစ်    စံချိန်တင်နိုင်ခဲ့သလို   မန်ယူရဲ့ ဂိုးအပြတ်ဆုံး နိုင်ပွဲစံချိန်နဲ့လည်း တူညီခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ လက်စတာပွဲဟာ ပွဲရလဒ်ခန့်မှန်းသူ အများစုကို တက်တက်စင်အောင် လွဲချော်စေခဲ့ပါတယ်။

ဒါပေမဲ့ အသက်(၄၁)နှစ်အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက်ကတော့ ဒီရလဒ်ကို မှန်အောင်ခန့်မှန်းပြီး ပေါင် ၁၅၀၀ ရရှိခဲ့ပါတယ်။ ဆောက်သမ်တန်နောက်ခံလူ ဘာထရန် အနီကတ်ထိခဲ့ပြီး လက်စတာအသင်း (၃)ဂိုးသွင်းထားချိန်မှာ ပေါလ်အက်ဒလမ်က (ဝ-၉)ဆိုတဲ့ ဂိုးရလဒ်အတွက် ပေါင် ၁၀ လောင်းကြေးထပ်ခဲ့ပါတယ်။

သူက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးကို ခန့်မှန်းရတာ သဘောကျတယ်၊ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ပြင်သစ်က အာဂျင်တီးနားကို အနိုင်ယူကျော်ဖြတ်ပြီး ဖလားရမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ပေါင် ၁၆၀၀ နိုင်ခဲ့ဖူးပါတယ်လို့ ပြောပါတယ်။ လက်စတာအသင်း သွင်းဂိုးက သူခန့်မှန်းတဲ့ရလဒ်မျိုး နီးစပ်လာချိန်မှာ သူက အပေါ်ထပ်တက်ပြီး ဘောလုံးပွဲကြည့်ခဲ့တယ်။ အိမ်ပေါ်မှာ တဝုန်းဝုန်းခုန်နေလို့ သူ့မိန်းမတောင် ယောင်တောင်တောင် ဖြစ်သွားတယ်။ ၅၀၀၀ လေး၊ ၁ လေး ဖွင့်လှစ်ခံရတဲ့ အခြေအနေကနေ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက်ပိုင်း လောင်းကစားဒိုင်တွေက လက်စတာအသင်းကို အမြဲတမ်းသတိထားကြတယ်။ လက်စတာက ခြေစွမ်းပြနေတဲ့  အသင်းဖြစ်လို့ လူတော်တော်များများက သူတို့အသင်းကို ယုံကြည်ကြပါတယ်။ အင်္ဂလန်မှာနေတဲ့ တခြားသူတစ်ယောက်ယောက်က လက်စတာအသင်း ဝ-၉ နဲ့ နိုင်မယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။ သူနဲ့ သူ့မိသားစုအတွက် အကောင်းဆုံးခရစ္စမတ် ဖြတ်သန်းရတော့မယ်လို့ ပေါလ်အဒလမ်က ပြောတယ်”လို့ Betfred ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top