ဇွန်လလယ်လောက်မှာ ခါဘီနဲ့ ဂျက်စတင်ဂါသီတို့ပွဲ ဖြစ်မြောက်ဖွယ်ရှိ

13-5-2020-yyl-025.jpg

လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ လိုက်ဝိတ် ယာယီချန်ပီယံ ဂျက်စတင်ဂါသီတို့ရဲ့ ချန်ပီယံခါးပတ် ပေါင်းစည်းပွဲကတော့ ထင်ထားတာထက် ပိုစောဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့တဲ့ UFC 249 ပြိုင်ပွဲမှာ ဂျက်စတင်ဂါသီက တိုနီဖာဂူဆန်ကို ဒိုင်ပွဲရပ်အနိုင်ယူပြီး လိုက်ဝိတ် ယာယီချန်ပီယံအဖြစ် ခါဘီနဲ့ ထိုးသတ်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသွားအလာတွေ ပိတ်ဆို့ထားလို့ ရုရှားကစားသမား ခါဘီက အမေရိကန်နိုင်ငံကို လာရောက်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ကတော့ ဇွန်လအလယ်မှာ စတင်ကျင်းပမယ့် Fight Island ပြိုင်ပွဲမှာ နိုင်ငံတကာပွဲစဉ်တွေ ကျင်းပသွားဖို့ရှိပြီး လိုက်ဝိတ်တန်းပွဲစဉ် ထည့်သွင်းယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။ ” အဲဒီပွဲ(ခါဘီနဲ့ ဂျက်စတင်ဂါသီ)က Fight Island ရဲ့ ပထမဆုံးပြိုင်ပွဲမှာ ကစားဖြစ်မလားဆိုတာ မပြောတတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ထင်ထားတာထက်စောပြီး ကမ္ဘာကြီး ပြန်မလာနိုင်သေးဘူးဆိုရင်တော့ အဲဒီပွဲကို Fight Island မှာ ကျင်းပမှာပါ”လို့ ဒါနာဝှိုက်က ဆိုပါတယ်။ အစောပိုင်းမှာ ခါဘီနဲ့ ဂျက်စတင်ဂါသီ ပွဲဖြစ်မှာမဟုတ်ဘူးလို့ အိုင်ယာလန်သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က ပြောခဲ့ပေမဲ့ ဒါနာဝှိုက်ကတော့ သူ့စကားကို ပယ်ချခဲ့ပြီး ခါဘီနဲ့ ဂျက်စတင်ဂါသီတို့ပွဲက စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top