ရွိုင်ကိန်းကြောင့် မန်ယူမှာ ဗီရွန် မအောင်မြင်ခဲ့တာလို့ ရီယိုဖာဒီနန် ပြော

25-3-2020-yyl-003.jpg

မန်ယူအသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်လို့ တင်စားခံရတဲ့ ရွိုင်ကိန်းကြောင့် မန်ယူအသင်းမှာ အာဂျင်တီးနားကွင်းလယ်လူ ဗီရွန် မအောင်မြင်ခဲ့တာလို့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောပါတယ်။ ဗီရွန်ဟာ ၂၀၀၁ ခုနှစ် နွေရာသီမှာ လာဇီယိုကနေ မန်ယူကို ပေါင် ၂၈.၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီပမာဏဟာ အဲဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။ ဗီရွန်ဟာ အစောပိုင်းက မန်ယူမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၀၃ ခုနှစ်မှာတော့ မန်ယူက ဗီရွန်ကို ပေါင် ၁၅ သန်းနဲ့ ချဲလ်ဆီးအသင်းထံ ရောင်းချခဲ့ပါတယ်။ ဗီရွန်နဲ့ ရွိုင်ကိန်းတို့ ၂ ယောက်လုံးက ကွင်းထဲမှာ နေရာယူကစားပုံချင်း တူနေလို့ ဗီရွန် အခက်တွေ့ခဲ့တာလို့ ရီယိုဖာဒီနန်က ပြောပါတယ်။

”ဗီရွန်က မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမားပါ။ ဘောလုံးပေးပို့မှု အရမ်းကောင်းတယ်။ သူ့ကို သတ်ခဲ့တာကတော့ ရွိုင်ကိန်းပါပဲ။ ရွိုင်ကိန်းက တစ်ဖက်သားကို လွှမ်းမိုးနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ ဗီရွန်ရဲ့နေရာတွေအထိ ဘောလုံးတက်ယူတယ်။ ဗီရွန်က ပါးမားမှာ အဓိကကစားသမားပါ။ ပွဲစဉ်တစ်ပွဲလုံးမှာ သူက အခရာပါပဲ။ မန်ယူကို သူရောက်လာတော့ ရွိုင်ကိန်းက အဲဒီလိုကစားတဲ့သူဖြစ်နေတယ်။ ရွိုင်ကိန်းက ခံစစ်မှူးတွေဆီကနေ ဘောလုံးယူပြီး ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေကို ထိုးပေးတယ်။ သူက နေရာယူလည်း ကောင်းတယ်။ အသံလည်း ကျယ်တယ်။ ”ငါ့ကိုပေး၊ ငါ့ကိုပေး”လို့ အော်ဟစ်နေတတ်သူပါ။ ဗီရွန်ကတော့ ရွိုင်ကိန်းကို လုပ်ချင်ရာလုပ်ခွင့်ပေးထားသလိုပါပဲ။ ရွိုင်ကိန်းသာ မန်ယူမှာမရှိရင် ဗီရွန်ရဲ့ မန်ယူကစားသမားဘဝ အောင်မြင်မှာပါ။ ဒါပေမဲ့ မန်ယူမှာ ဗီရွန်မအောင်မြင်တာ ရွိုင်ကိန်းရဲ့အမှားတော့မဟုတ်ဘူး။ ရွိုင်ကိန်းက လွှမ်းမိုးနိုင်စွမ်း ပိုကြီးနေတာပါ”လို့ ရီယိုဖာဒီနန်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top