မေဝယ်သာက ပက်ကွီအိုနဲ့ထိုးဖို့ မဝံ့မရဲဖြစ်နေတယ်လို့ ပက်ကွီအိုရဲ့နည်းပြ ပြော

68451224_2521774057853499_8048271995441250304_n.jpg

ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာက ပက်ကွီအိုနဲ့ နောက်တစ်ပွဲထပ်ထိုးဖို့ ရှောင်ဖယ်ဖယ်လုပ်နေတယ်လို့ ပက်ကွီအိုရဲ့နည်းပြက ပြောပါတယ်။ ကမ္ဘာ့ထိပ်တန်းလက်ဝှေ့အကျော်အမော်တွေဖြစ်တဲ့ မေဝယ်သာနဲ့ ပက်ကွီအိုတို့ဟာ ၂၀၁၅ ခုနှစ်က ထိုးသတ်ခဲ့ကြပြီး မေဝယ်သာက အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ ပရိသတ်တွေက သူတို့ (၂) ယောက် နောက်တစ်ပွဲထပ်ထိုးဖို့တောင်းဆိုနေပေမဲ့ မေဝယ်သာက ပက်ကွီအိုနဲ့ပြန်ထိုးဖို့ မဝံ့မရဲဖြစ်နေတယ်လို့ ပက်ကွီအိုရဲ့ ကြံ့ခိုင်ရေးနည်းပြက ပြောပါတယ်။

”ကိတ်သာမန်းနဲ့ပွဲအပြီးမှာ မေဝယ်သာက ပက်ကွီအိုကိုထိုးလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပက်ကွီအိုက ကိတ်သာမန်းကို အနိုင်ရခဲ့တယ်လေ။ အဲဒီတော့ မေဝယ်သာက သူ့ကိုထိုးမှာမဟုတ်ပါဘူး။ ပက်ကွီအိုနဲ့ထိုးဖို့ မဝံ့မရဲဖြစ်နေတယ်။ မေဝယ်သာက မီဒီယာတွေမှာ ဖော်ပြခံရတာကိုသဘောကျသူပါ။ ပက်ကွီအိုကတော့ အဲဒီလိုမဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်ကစကားစစ်ထိုးပွဲကို မေဝယ်သာကစခဲ့တာပါ။ ဒါပေမဲ့ အဲဒါကို ပက်ကွီအိုက ဂရုမစိုက်ပါဘူး။ ပက်ကွီအိုက အခုချိန်ထိ ထိပ်တန်းလက်ဝှေ့သမားတွေနဲ့ထိုးနေတုန်းပဲ။ မေဝယ်သာကတော့ မထိုးနိုင်တော့ဘူး။ ဒါကို သူကိုယ်တိုင်လည်းသိတယ်။ ပက်ကွီအိုလည်း သိတယ်။ ကျွန်တော်လည်းသိတယ်။ ခင်ဗျားတို့လည်းသိပါတယ်။ ကျွန်တော်ကတော့ စိတ်မကျေပွဲဖြစ်စေချင်တယ်။ ပွဲဖြစ်ရင် ပက်ကွီအိုနိုင်မှာပါ။ အဲဒီပွဲမဖြစ်ရင်တော့ တခြားလက်ဝှေ့သမားတစ်ယောက်နဲ့ ငွေမြိုးမြိုးမြက်မြက်ရမယ့်ပွဲထိုးမယ်”လို့ ပက်ကွီအိုရဲ့ ကြံ့ခိုင်ရေးနည်းပြ ဂျက်စတင်ဖော်ကျွန်းက ပြောပါတယ်။

မေဝယ်သာဟာ ပက်ကွီအိုနဲ့ပွဲစဉ်အပြီး အန်ဒရီဘာတို၊ MMA ကစားသမား မက်ဂရီဂေါ်တို့ကို အနိုင်ယူခဲ့ပြီးနောက် လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ သိပ်မကြာသေးခင်ကတော့ ဂျပန်ကစ်ဘောက်ဆင် ကစားသမား နာဆုကာဝါကို အနိုင်ယူခဲ့ပါတယ်။

Nz (ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top