ဈာပနအခမ်းအနားမှာ ဆေးခြောက်ဆီနဲ့ ဖုတ်ထားတဲ့ ကိတ်မုန့်ကို မှားယွင်းဧည့်ခံ

yyl-002.jpg

ဂျာမနီနိုင်ငံမြောက်ပိုင်းမှာ ဈာပနအခမ်းအနားတက်ရောက်လာသူတွေကို ဆေးခြောက်ဆီနဲ့ ဖုတ်ထားတဲ့ ကိတ်မုန့် မှားယွင်းဧည့်ခံမိတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ဈာပနအခမ်းအနား ကျင်းပတဲ့ ဝစ်သာဂျန်မြို့စားသောက်ဆိုင်ကို လာရောက်ခဲ့သူ ၁၃ ယောက်ဟာ ကိတ်မုန့်စားပြီး ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရစားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်ရဲ့ သမီးကို ကိတ်မုန့်ဖုတ်ခိုင်းခဲ့တဲ့အကြောင်း သိရှိခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မိန်းကလေးဟာ သီးခြားအခမ်းအနားတစ်ခုအတွက် ဆေးခြောက်ဆီနဲ့ ကိတ်မုန့်တစ်လုံး ဖုတ်ထားခဲ့ပြီး သူ့အမေက ကိတ်မုန့်ချင်း မှားယူမိခဲ့တာပါ။ ဂျာမနီနိုင်ငံမှာ အစဉ်အလာအရ ဈာပနအခမ်းအနား တက်ရောက်သူတွေကို ကော်ဖီနဲ့ ကိတ်မုန့်ကျွေးတတ်ပါတယ်။ ဂျာမနီရဲတပ်ဖွဲ့ကတော့ စားသောက်ဆိုင်ဝန်ထမ်းရဲ့ သမီးကို စုံစမ်းစစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကတည်းက အခုလို ဖြစ်ခဲ့ပေမဲ့ ဈာပနအခမ်းအနား တက်ရောက်သူတွေကို လေးစားမှုထားရှိတဲ့အတွက် စောစောစီးစီး သတင်းမဖော်ပြခဲ့တာ ဖြစ်ပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top