ဒေါ်နယ်ထရန့်ကို လက်ခလယ်ထောင်ပြခဲ့တဲ့ အမျိုးသမီး အလုပ်ဖြုတ်ခံခဲ့ရ

juli-briskman-2.jpg

ပုံထဲမှာ မြင်နေရတဲ့သူကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယာဉ်တန်း သူ့ဘေးကဖြတ်သွားစဉ် ထရန့်ကို လက်ခလယ်ထောင်ပြခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။

သူမရဲ့ နာမည်ကတော့ ဂျူလီ ဘရစ်မန်းလို့ခေါ်ပြီး ပြီးခဲ့တဲ့လက ဒေါ်နယ်ထရန့်ရဲ့ ယာဉ်တန်း ဗာဂျီးနီးယားကို ဖြတ်သွားတဲ့အချိန်မှာ ထရန့်ရဲ့ မူဝါဒတွေကို စိတ်ပျက်လွန်းတဲ့အတွက် လက်ခလယ်ထောင်ပြခဲ့တာ ဖြစ်တယ် လို့ ဂျူလီက ဆိုပါတယ်။

“ထရန့်ရဲ့ ကား ဘေးနားကဖြတ်သွားတာကို သိလိုက်တာနဲ့ ကျွန်မ သွေးဆူပြီး ချက်ခြင်း ဒေါသထွက်လာပါတယ်။ ထရန့်ဟာ DACA (Deferred Action for Childhood Arrivals) အစီအစဉ် ကိုပယ်ဖျက်ခဲ့တာတွေ၊ Obamacare ဖျက်သိမ်းဖို့ ကြိုးစားနေတာတွေ၊ ပွာတိုရီကိုမှာ လူသုံးပုံ တစ်ပုံလောက်က လျှပ်စစ်ပြတ်တောက်နေတဲ့အချိန်မှာ သူ့ဂေါက်ရိုက်နေခဲ့တာတွေကို ကျွန်မ တွေးမိလာတော့ ဒေါသထွက်လာပြီး ထရန့်စီးလာတဲ့ ယာဉ်တန်းကို ကျွန်မ လက်ခလယ်ထောင်ပြခဲ့တာပါ။ ”လို့ ဂျူလီက Huffington Post သတင်းစာကို ပြောဆိုခဲ့ပါတယ်။

သမ္မတယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ ဓာတ်ပုံဆရာတစ်ယောက်က ဂျုလီ ထရန့်ကို လက်ခလယ်ထောင်ပြနေတဲ့ပုံ ရိုက်ကူးနိုင်ခဲ့ပြီး ဒီဓာတ်ပုံဟာ ဆိုရှယ်မီဒီယာတွေနဲ့ သတင်းဌာန အနှံ့အပြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ လူအများစုကတော့ ဂျူလီရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပြီး ဂျူလီ ဟာ၂၀၂၀ ရွေးကောက်ပွဲတောင် ဝင်ပြိုင်သင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်

ဂျူလီဟာ ဗာဂျီးနီးယားအခြေစိုက် ဆောက်လုပ်ရေးလိုင်စင် စာချုပ်တွေ ချုပ်ဆိုပေးရတဲ့ Akima ကုမ္ပဏီမှာ marketing and communications specialist ရာထူးနဲ့ အလုပ် လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျုလီကို Akima ကုမ္ပဏီလူကြီးများမှ အစည်းအဝေးခေါ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ဂျုလီ သမ္မတကို လက်ခလယ်ထောင်ပြနေတဲ့ ဓာတ်ပုံတွေကြောင့် အစိုးရ ဆောက်လုပ်ရေးစာချုပ်တွေကို ချုပ်ဆိုနေရတဲ့ ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိလိုက်လာမှာစိုးတဲ့အတွက် အလုပ်ထုတ်လိုက်ကြောင်း ပြောခဲ့ပါတယ်။

အခုလို ထရန့်ကို လက်ခလယ်ထောင်ပြခဲ့တဲ့အတွက် အလုပ်ထုတ်ခံလိုက်ရတဲ့ ဂျုလီဟာ အခုအချိန်မှာ အလုပ်သစ် ရှာနေတယ်လို့ သိရပါတယ်။ ဂျူလီ အလုပ်ထုတ်ခံရတဲ့ သတင်းထွက်ပေါ်လာတဲ့အခါ ဆိုရှယ်မီဒီယာ အသုံးပြုသူအများစုက သူမရဲ့ ကိုယ်ပိုင်ချိန်မှာ သူမရဲ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်မိတဲ့အတွက် ဘာကြောင့် အပြစ်ပေးခံရတာလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ အခုအချိန်မှာ ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဂျူလီကို ငွေထောက်ပံ့ပေးရန် Website တစ်ခုထောင်ပြီး ရန်ပုံငွေရှာနေကြောင်း သိရပါတယ်။

ဂျူလီကတော့ သူမဟာ သူမရဲ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့တဲ့အတွက် နောင်တမရကြောင်း ပြောဆိုခဲ့ပြီး သူမဟာ ဆန္ဒပြသူတစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်ဟာ ဂျူလီနဲ့ မတွေ့ခင်အချိန်ကလည်း လက်မအောက်စိုက်ပြီး ဆန္ဒပြနေတဲ့ လူအုပ်တစ်အုပ်နဲ့ တွေ့ခဲ့ပါသေးတယ်။

Ref : BBC News : Woman who gave Trump the middle finger

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top