အသက် ၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဝီလျံမင်းသား နဲ့ ကြင်ယာတော်ကိတ်တို့ရဲ့အငယ်ဆုံးသားလေး

lous.png

တော်ဝင်မင်းသား ဝီလျံနဲ့ ကြင်ယာတော်ကိတ်တို့ရဲ့အငယ်ဆုံးသားလေး မင်းသားလေးလူးဝစ်ဟာ အသက် ၇ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။

မင်းသားလေးလူးဝစ်ရဲ့ပုံအသစ်လေးနဲ့အတူ မွေးနေ့ဆုတောင်းပို့စ်ကို Kensington Palace က လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာပါ။ “မင်းသားလေးလူးဝစ် ပျော်ရွှင်ဖွယ် ၇ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ ရေးသားထားပါတယ်။ ပုံမှာတော့ မင်းသားလေးလူးဝစ်က ထိုင်ပြီးဓာတ်ပုံရိုက်ခံနေတာကို တွေ့ရပါတယ်။ ရှေ့သွား ၂ ချောင်းကျိုးနေတာကိုလည်း တွေ့ရပါတယ်။ မွေးနေ့အတွက် ဓာတ်ပုံရိုက်နေစဉ်အတွင်း ပြုံးပျော်ပြီး ခုန်ပေါက်ဆော့ကစားနေတဲ့ မင်းသားလေးလူးဝစ်ရဲ့ ဗီဒီယိုကိုလည်း Kensington Palace က မျှဝေခဲ့ပါတယ်။

မင်းသားလေးလူးဝစ်က ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်မှာ မွေးဖွားခဲ့တာဖြစ်လို့ မနေ့က အသက် ၇ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။

Ref: Prince William and Kate Middleton’s son Prince Louis turns 7

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top