တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့တဲ့ ဂျက်စတင်ဘီဘာတို့စုံတွဲ

yyl-1-10-013.jpg

စက်တင်ဘာလ (၃၀) ရက်နေ့က အဆိုတော်ဂျက်စတင်ဘီဘာနဲ့ မော်ဒယ်ဟေလီ ဘတ်ဝင်းတို့စုံတွဲဟာ တောင်ကယ်ရိုလိုင်းနားပြည်နယ်က အပန်းဖြေစခန်းမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ဒုတိယအကြိမ် လက်ထပ်ထိမ်းမြားခဲ့ကြတယ်လို့ သိရပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရ သူတို့စုံတွဲက မင်္ဂလာပွဲအခမ်းအနားကို ဓလေ့ထုံးစံအရပြုလုပ်ခဲ့ပြီး မိဘတွေနဲ့ အက်ဒ်ရှီရန် (Ed Sheeran)၊ ကိုင်လီ (Kylie) စတဲ့ဆယ်လီတွေ တက်ရောက်ပေးခဲ့ကြပါတယ်။ အဲဒီစုံတွဲရဲ့ပြောရေးဆိုခွင့်ရှိသူတွေက သူတို့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး မီဒီယာတွေကို ပြောပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆယ်လီမီဒီယာတွေနဲ့ ပါပါရာဇီတွေက အခမ်းအနားကျင်းပတဲ့ နှစ်ရက်တာလုံး နောက်ကနေတောက်လျှောက်လိုက်နေခဲ့ပါတယ်။

ဂျက်စတင်ဘီဘာနဲ့ ဟေလီတို့က မင်္ဂလာအခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည် (၁၅၀) ရှေ့မှာ ကတိကဝတ်ပြုခဲ့တယ်လို့ People မဂ္ဂဇင်းက ရေးသားထားပါတယ်။ သူတို့စုံတွဲက ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက နယူးယောက်မြို့ရဲ့တရားရုံးမှာ ပထမဆုံးအကြိမ်လက်ထပ်ခဲ့တာဖြစ်ပါတယ်။

ဂျက်စတင်နဲ့ ဟေလီတို့က ဆယ်ကျော်သက်ဘဝကတည်းက တွေ့ဆုံခဲ့ပြီး ဘုရားကျောင်းအတူတူ တက်ခဲ့ကြတာတွေရှိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကမှ သူတို့နှစ်ယောက်တွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: Tribune “Justin Bieber, Hailey Baldwin tie the knot for second time”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top