ကမ္ဘာ့ဘယ်နေရာကိုမဆို ၂ နာရီတည်းနဲ့ ပျံသန်းနိုင်မယ်ဆိုတဲ့ X-59 ယာဉ်ကို စမ်းသပ်မောင်းနှင်ဖို့ နာဆာ ပြင်ဆင်နေ

31.7.23-yyl-12.jpg

ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို ၂ နာရီတည်းနဲ့ ပျံသန်းနိုင်မယ်ဆိုတဲ့ အသံထက်မြန်တဲ့ယာဉ် X-59 ကို နာဆာက ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ဖို့ စီစဉ်နေပါပြီ။ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၁၅၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး နယူးယော့ခ်ကနေ လန်ဒန်ကို ၃ နာရီခွဲတည်းနဲ့ ပျံသန်းနိုင်ဖို့ ရည်မှန်းထားပါတယ်။

မကြာသေးမီက ဗြိတိန် မြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့ရဲ့ လေ့လာမှုအရ ၂၀၃၃ ခုနှစ်ရောက်ရင် လန်ဒန်ကနေ ဆစ်ဒနေကို ပျံသန်းမယ့် ခရီးစဉ်ဟာ (လက်ရှိ ၂၂ နာရီ ကြာမြင့်ရာကနေ) ၂ နာရီလောက်ပဲ ကြာမြင့်တော့မယ်လို့ သုံးသပ်ထားပါတယ်။ ဒါဟာ အလွန်မြန်ဆန်တဲ့ လေကြောင်းခရီးသွားလာရေး ခေတ်တစ်ခေတ် ရောက်လာမယ်ဆိုတဲ့ အချက်ပြမှုပါပဲ။

Ref: NASA’s X-59

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top