ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ

31.7.23-yyl-15.jpg

အမေရိကန်နိုင်ငံက တောင်သူတစ်ဦးဟာ မင်္ဂလာသက်တမ်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်မှာ ဇနီးသည်ကို အံ့ဖွယ်လက်ဆောင်အဖြစ် ဧရာမ နေကြာပန်းခင်းကြီး ပျိုးပေးခဲ့ပါတယ်။ ကန်းဆက်ပြည်နယ်မှာ နေထိုင်တဲ့ လီဝီလ်ဆန်ဟာ ဇနီးသည် ရီနီအတွက် ဧက ၈၀ ကျယ်ဝန်းတဲ့ မြေကွက်ပေါ်မှာ နေကြာပင် ၁.၂ သန်း စိုက်ပျိုးပေးခဲ့တာပါ။

ဝီလ်ဆန်ဟာ သားဖြစ်သူရဲ့ အကူအညီယူပြီး ပြီးခဲ့တဲ့မေလကတည်းက နေကြာပန်းခင်းကြီးကို လျှို့ဝှက်စိုက်ပျိုးခဲ့တာပါ။ ” ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ နေကြာပန်းခင်းကြီးထက် ပိုကောင်းတဲ့ ချစ်သက်လက်ဆောင် မရှိနိုင်တော့ပါဘူး” လို့ ရီနီက ဆိုပါတယ်။ နေကြာတွေ ပွင့်ချိန်မှာတော့ ခရီးသည်တွေက ရီနီရဲ့ နေကြာပန်းခင်းထဲလာပြီး ဓာတ်ပုံတွေ လာရိုက်ကြပါတယ်။

Ref: Farmer plants massive sunflower field in surprise gift for wife

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top