ဟားဗတ်ဘွဲ့ရ ကိုရီးယား အမေရိကန်ကပြား နာဆာရဲ့ အာကာသယာဉ်မှူးဖြစ်လာ

yyl-012-8.jpg

အသက် (၃၅) နှစ်အရွယ် ဂျွန်နီ ကင် (Jonny Kim) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ဟာဗတ်ဆေးကျောင်းကနေ ဘွဲ့ရခဲ့ပြီး ရေတပ်သားတစ်ဦးအဖြစ် နိုင်ငံရပ်ခြားမှာ အလုပ်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ သူဟာ နာဆာရဲ့ပထမဆုံး ကိုရီးယားအမေရိကန်ကပြား အာကာသယာဉ်မှူး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အမျိုးသား၊ အမျိုးသမီး (၁၃) ဦးဟာ နာဆာရဲ့အာကာသယာဉ်မှူးအဖြစ် လေ့ကျင့်ပေးတဲ့ပရိုဂရမ်မှာ ပါဝင်တာ ပြီးစီးသွားခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။ အခုဆိုရင် သူတို့တစ်ယောက်ချင်းစီက လကမ္ဘာနဲ့ မားစ်ဂြိုလ်သွားတဲ့ ခရီးစဉ်အပါအဝင် လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရပါပြီ။

မကြာသေးခင်ကမှ နာဆာအာကာသယာဉ်မှူး တစ်ယောက်အဖြစ် လူ (၁၈,၀၀၀) ဦး လျှောက်ထားခဲ့ပါတယ်။ ဆိုးလ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဂျွန်နီ ကင်ဟာ နာဆာအာကာသယာဉ်မှူး ဖြစ်သွားတဲ့ ပထမဆုံး ကိုရီးယားအမေရိကန်လူမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ ဂျွန်နီကင်ဟာ လော့စ်အိန်ဂျလိမြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ သူ့ရဲ့မိဘတွေက သူတို့ရဲ့ကလေးတွေ အနာဂတ်ပိုကောင်းမွန်ဖို့အတွက် ၁၉၈၀ပြည့်နှစ်အစောပိုင်းမှာ အမေရိကန်နိုင်ငံကို ဝင်ရောက်နေထိုင်ခဲ့တဲ့ ကိုရီးယားလူမျိုးတွေဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်စဉ်အတွင်း ကင်ဟာ တိုက်ခိုက်ရေးလုပ်ငန်းစဉ် (၁၀၀) ကျော်မှာ ရေတပ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး သူက University of San Diego မှာ သင်္ချာဘာသာရပ်နဲ့ ဘွဲ့ယူခဲ့သလို ဟာဗတ်ဆေးကျောင်းကနေလည်း ဒေါက်တာဘွဲ့ရရှိခဲ့ပါသေးတယ်။ ၂၀၁၇ခုနှစ်မှာ အာကာသယာဉ်မှူးအဖြစ် ပြိုင်ပွဲဝင်တာနဲ့ပတ်သက်ပြီး ဖုန်းလက်ခံရရှိခဲ့တဲ့အချိန်မှာ သူဟာ Massachusetts General Hospital နဲ့ Brigham and Women’s Hospital တွေမှာ ဆရာဝန်အဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။

ကင်က ပြီးခဲ့တဲ့အပတ်က အာကာသယာဉ်မှူး အဖြစ်ဘွဲ့မရရှိခင်မှာ နှစ်နှစ်တာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရပါတယ်။ အခြားအာကာသယာဉ်မှူး (၁၁) ယောက်နဲ့အတူ သူ့ကို အာကာသအပြင်ဘက်ကို ပို့ဆောင်ကြမှာဖြစ်ပါတယ်။ ကင်အတွက် သူ့ရဲ့အောင်မြင်မှုတွေ၊ ပြီးမြောက်မှုတွေက မလွယ်ကူခဲ့ပါဘူး။ “အကျိုးရှိတဲ့၊ အဓိပ္ပာယ်ရှိတဲ့ အရာအားလုံးက ရယူဖို့အတွက် အရမ်းခက်ခဲပါတယ်” လို့ ကင်က ပြောပါတယ်။ NASA က ၂၀၂၄ ခုနှစ်မှာ လကမ္ဘာကို နောက်ထပ် အမျိုးသားတစ်ဦးနဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးတို့ကို လွှတ်ဖို့ စီစဉ်ထားပါတယ်။

Ref: Ex-Navy SEAL and Harvard graduate is NASA’s first Korean-American astronaut

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top