နှုတ်ခမ်းတဝိုက်ကရေယုန်အတွက် အိမ်တွင်းကုထုံး

yyl-037-2.jpg

စားချင်တာမစားရဘဲ ပါးစပ်တဝိုက်မှာပေါက်တဲ့ ရေယုန်ကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့ ရေယုန်ကို သက်သာအောင်လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးမယ်နော်။

နှုတ်ခမ်းတဝိုက်ကရေယုန်ဆိုတာ ဘာလဲ

ပါးစပ်တဝိုက်မှာပေါက်တတ်သလို ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးက အရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပြီး သွေးကြောတွအထိရောက်ရှိမှု ကနေတဆင့် ရောဂါပိုး ကူးစက်ခံရတာပါ။ ရေယုန်အမျိုးအစားတွေ အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန်ကတော့ အဖြစ်များပါတယ်။

ဘယ်လိုလက္ခဏာတွေရှိလဲ

တော်တော်များများက ကူးစက်ခံရတာကိုတောင် မသိလိုက်တာမျိုးရှိနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာမယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာနေမယ်ဆိုရင်တော့ ရေယုန်ဖြစ်နေတာပါ။ လိင်အင်္ဂါတဝိုက်မှာဖြစ်တတ်တဲ့ ရေယုန်တွေကလည် ဒီလိုပါပဲ စအိုတဝိုက်မှာ နာကျင်တဲ့ အရည်ကြည်ဖုလေးတွေကနေ စဖြစ်တာပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ

နှုတ်ခမ်းနဲ့ နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ရေယုန်တွေကို သက်သာစေဖို့ဆိုရင်တော့

  • ရေခဲဝတ်ကပ်ပေးပါ – တဘက်စ သန့်သန့်လေးနဲ့ ရေခဲတွေကိုထုပ်လို့ အနာပေါ်ကို ခပ်ဖွဖွလေးကပ်ပေးပါ။ အနာသက်သာစေပါလိမ့်မယ်။
  • မကုတ်ပါနဲ့ – ဒါကအရေးအကြီးဆုံးအချက်တစ်ခုပါ။ အနာကိုကုတ်လိုက်တဲ့အခါအရည်တွေက ပြန့်သွားပြီး ပိုးတွေကူးစက်သွားနိုင်ပါတယ်။ အနာတွေထပ်ပွားလာနိုင်တာကြောင့် မကုတ်ပါနဲ့။
  • သန့်စင်အောင်ထားပါ – အနာကိုပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် အနာဖြစ်နေတဲ့နေရာကို လက်နဲ့ခဏခဏကိုင်တာမျိုးမလုပ်ပါနဲ့။ အနာဖုတွေနဲ့ အနာဖုတွေတဝိုက်ကို သေချာလေး သန့်စင်ပေးပါ။
    စိတ်ဖိစီးမှု လျှော့ချပါ – စိတ်ဖိစီးမှုက ကိုယ်ခံအားကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ခံအားနည်းနေတာက ရေယုန်ကို သက်သာစေဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေယုန်သက်သာစေဖို့ နဲ့ ထပ်ဖြစ်မလာစေဖို့ စိတ်ဖိစီးမှုကိုလျှော့ချပေးပါ။
    နှုတ်ခမ်းတဝိုက်ကရေယုန်ကို သက်သာစေမယ့် သဘာဝပစ္စည်းတွေက ဘာတွေများလဲ

နှုတ်ခမ်းတဝိုက်ကရေယုန်ကို သက်သာစေဖို့ဆိုရင်တော့

လိုင်စင်းသောက်ပါ

အနာမသက်သာမချင်း တစ်နေ့ကို ၃ ကြိမ် လိုင်စင်းသောက်ပေးပါ။ နေ့တိုင်းသောက်ပေးတာက ရေယုန်ကို သက်သာစေနိုင်သလို ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

လက်ဖက်ဆီ

လက်ဖက်ပင်ကရတဲ့ အဆီကို ဂွမ်းစလေးနဲ့တို့ပြီး ရေယုန်ပေါ်မှာ အသာအယာတို့ပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်တို့ပေးပါ။ ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ လက်ဖက်ဆီက အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်သလို ရေယုန်ကိုလည်း သက်သာစေနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ ရောပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ စုပ်ယူလိုပ အနာပေါ်မှာ အသာအယာတို့ပေးပါ။ ရေမဆေးချပါနဲ့။ ခြောက်သွားတိုင်း ဂွမ်းအသစ်သုံးလို့ တို့ပေးပါ။ ၃ ကြိမ်ကနေ ၄ ကြိမ်လောက်လုပ်ပေးလည်းရပါတယ်။

ပူစီနံ

ရေနွေးနွေးတစ်ခွက်စာထဲကို ပူစီနံအရွက်အဆီ ၃ စက် လောက်ချပေးပါ။ ပြီးရင် ဂွမ်းစလေးနဲ့တို့ယူပြီး အနာပေါ်နဲ့အနာတဝိုက်မှာ စွတ်ပေးပါ။ ပြီးရင်ဒီအတိုင်းထားလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်အထိလုပ်ပေးပါ။

ရှားစောင်းလက်ပပ်

လက်ကိုစင်အောင်ဆေးလို့ ရှားစောင်းလက်ပပ်အတွင်းသားကို ခွာပြီး အနာပေါ်နဲ့ အနာတဝိုက်ကို ပွတ်ပေးပါ။ ခြောက်သွားအောင် ထားလိုက်ပါ။ တစ်နေ့ကို ၃ ကြိမ်အထိ လုပ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သံလွင်ဆီ

သံလွင်ဆီတစ်ခွက်စာထဲကို လာဗင်ဒါဆီ ၁၀ စက်၊ ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာတို့ရောကျိုပါ။ ပြီးရင် အအေးခံပြီး ဂွမ်းစလေးနဲ့ယူလို့ အနာပေါ်မှာ တို့ပေးပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ကြိမ်အထိလုပ်ပေးပါ။
ရေယုန်သက်သာစေဖို့ အခုနည်းလေးတွေကို သုံးပြီးလုပ်ဆောင်ကြည့်လိုက်ပါနော်…….

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top