တိရစ္ဆာန်ဥယျာဉ်မှာ ခြံစည်းရိုးကျော်ပြီး ဆယ်ဖီရိုက်ခဲ့တဲ့အမျိုးသမီး ကျားသစ်ကိုက်ခံရ

t0.jpg

ဖီးနစ်က်စ်မြို့အနီးနားက Wildlife World တိရစ္ဆာန်ဥယျာဉ်မှာ အမျိုးသမီးတစ်ယောက်ဟာ ခြံစည်းရိုးကို ကျော်ပြီး ကျားသစ်နဲ့အတူ ဆယ်ဖီရိုက်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးက ခြံခတ်ထားတဲ့ ကျားသစ်ရဲ့အနီးနားရောက်ဖို့အတွက် ခြံစည်းရိုးအပေါ်တက်ခဲ့တာကြောင့် ကျားသစ်က ရှေ့တိုးလာခဲ့ပြီး သူ့ကို ကိုက်ခဲဆွဲရမ်းပစ်ခဲ့ပါတယ်။

ဒီမတော်တဆမှုက ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဂျာဂွာကျားသစ်ကို သတ်ပစ်မှာမဟုတ်ဘူးလို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ပိုင်ရှင်တွေက တွစ်တာမှာ အတည်ပြုခဲ့ပါတယ်။

“ဂျာဂွာကျားသစ် ဘာမှ မဖြစ်စေရဘူးလို့ ကျွန်တော်တို့ ကတိပေးနိုင်ပါတယ်။ သူက တောရိုင်းတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဧည်သည့်တွေ လုံခြုံဖို့ရာ အတားအဆီးတွေထားတာပါတယ်။ အတားအဆီးတွေကို ဖြတ်ကျော်လိုက်ရင်တော့ တောရိုင်းတိရစ္ဆာန်ရဲ့အမှားမဟုတ်ပါဘူး။ အဲဒီအမျိုးသမီးနဲ့ သူ့မိဘတွေကို ဆုတောင်းပေးနေတုန်းပါပဲ” လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ပိုင်ရှင်တွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့အမျိုးသမီးရဲ့လက်မောင်းမှာ ပြင်းထန်တဲ့ပေါက်ပြဲဒဏ်ရာတွေရခဲ့ကာ သွေးထွက်လည်း များခဲ့ပြီး နာကျင်လွန်းလို့ မြေကြီးပေါ်မှာ လူးလိမ့်ပြီး ငိုနေတာကို ပုံတွေထဲမှာတွေ့မြင်ရပါတယ်။

တိရစ္ဆာန်ဥယျာဉ်ရဲ့တာဝန်ရှိသူတွေက အဲဒီအမျိုးသမီး အတားအဆီးတွေပေါ်တက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Ref: Jaguar will NOT be put down after attacking a woman who climbed over a fence at an Arizona zoo to take a selfie
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top