အမျိုးသားတို့အတွက် နွေရာသီဖက်ရှင်

men-fashion.jpg

အင်္ကျီအလွှာထပ်များများဝတ်လေ ဖက်ရှင်ပိုကျလေဆိုတာ ချမ်းအေးတဲ့ရာသီဥတုအတွက်ပဲ ဖြစ်ပါတယ်။ ဒီလိုအအေးဓာတ်တွေအကြောင်းပြောကြမယ်ဆို ကမ္ဘာ့ဖက်ရှင်အကျဆုံးမြို့တော်ဖြစ်တဲ့ နယူးယောခ့် (New York) မြို့ကို ချန်ထားလို့မရပါဘူး။

ဘယ်လိုဖက်ရှင်ကျအောင် ဝတ်ဆင်ရမလဲဆိုတာနဲ့ ဘယ်လိုအပေါ်လွှာတွေ ထပ်ဝတ်ရမယ်ဆိုတာ သူတို့ကောင်းကောင်း သိပါတယ်။

ဒါပေမယ့် နယူးယောခ့်သားတွေအတွက်လည်း အရမ်းပူပြင်းတဲ့နွေရာသီဆိုတာ ရှိပါတယ်။ ဒီလိုဆို ပူပြင်းလှတဲ့နွေရာသီတစ်လျှောက်လုံးမှာ ဖက်ရှင်အကျဆုံးမြို့တော်က အမျိုးသားတွေ ဘယ်လိုအထာကျကျ ဝတ်ဆင်ကြတယ်ဆိုတာ လေ့လာကြည့်လိုက်ရအောင်။

၁။ သင့်ကိုကြည့်ကောင်းစေမယ့် ရူးဖိနပ်

ခြေညှပ်ဖိနပ်တွေက နွေရာသီအတွက် ပေါ့ပေါ့ပါးပါးဖြစ်တယ်ဆိုပေမယ့် အရမ်းဆွဲဆောင်မှုရှိတဲ့ထဲ မပါဝင်ဘူးဆိုတာကိုတော့ သင်လက်ခံနိုင်ရပါမယ်။ ခြေအိတ်ကို တတ်နိုင်သလောက် ရှောင်ကျဉ်တာက အမျိုးသားတွေအတွက် အသေးစိတ်ကျတဲ့ ဖက်ရှင်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဝတ်စုံပြည့် ဝတ်ဆင်တဲ့အခါမှာဖြစ်ဖြစ်၊ ဘောင်းဘီတို ဒါမှမဟုတ် ဂျင်းဘောင်းဘီဝတ်ဆင်တဲ့အခါမျိုးမှာလည်း ဒီအရာက သင့်ကို ကြည့်ကောင်းစေပါတယ်။ နောက်ထပ် မှန်ကန်တဲ့ ရူးဖိနပ်တစ်ရံကို ရွေးချယ်ဝတ်ဆင်ထားခြင်းဖြင့်လည်း သင့်ကိုလန်းဆန်းသစ်လွင်တဲ့ ခံစားချက်မျိုးရရှိစေပါတယ်။

သားရေပျော့ဖိနပ်၊ အားကစားဖိနပ်တိုနဲ့ ထိပ်အလုံပိတ်ရူးဖိနပ်အစရှိတဲ့ တခြားရွေးချယ်စရာတွေအများကြီး သင့်မှာရှိပါတယ်။ ဘယ်လိုမျိုးမှန်ကန်အောင် ရွေးချယ်ရမလဲဆိုတာကိုပဲ သိဖို့လိုတာပါ။ နွေရာသီအငွေ့အသက်ကို ပေါ်လွင်စေဖို့အတွက် ကာလာလေးတွေကိုသာ ပေါင်းစပ်ရွေးချယ်ကြည့်ပါ။

၂။ လက်ကောက်ဝတ်ပေါ်က တန်ဆာပလာတွေ

နွေရာသီမှာ သင့်ရဲ့လက်ကောက်ရှိုးပြဖို့ အကောင်းဆုံးအချိန်ပါ။ သင်ရဲ့လက်ဖျံရိုးတစ်လျှောက် ကြွက်သား၊ တက်တူးစတဲ့အရာတွေကို ပြသဖို့များလေလေ အရောင်အမျိုးမျိုးရှိတဲ့ လက်ကောက်ဒီဇိုင်းမျိုးစုံကို ပိုဝတ်ဆင်နိုင်လေးပဲ ဖြစ်ပါတယ်။

အမျိုးသားတွေ လက်ဝတ်တန်ဆာဝတ်ဆင်တာဟာလည်း ယနေ့ခေတ်မှာ ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်လာပြီး အရင်ကလိုလက်ဝတ်တန်ဆာဆိုတာ အမျိုးသမီးတွေနဲ့သာ သတ်ဆိုင်တယ်ဆိုတဲ့နေ့တွေကို ကျော်လွန်သွားပါပြီ။

၃။ တိုတော့တိုပါ ….. ဒါပေမယ့် အရမ်းမတိုပါစေနဲ့

ဘောင်းဘီတိုဆိုတာမှန်ပေမယ့် အရမ်းတိုစရာမလိုပါဘူး။ ဒီနေရာမှာ အိုင်ဘီဇာ (Ibiza) ကမ်းခြေဆီအလည်သွားရောက်ခဲ့တဲ့ ခရစ်စတီရာနို ရော်နယ်လ်ဒို (Cristiano Ronaldo) ကိုအတုယူသင့်ပါတယ်။ အပေါင်းအသင်းတွေ ကမ်းခြေမှာ ဘောလုံးကစားကောင်း ကစားနိုင်တဲ့အတွက် အရမ်းရှည်တဲ့ ဘောင်းဘီတွေကို ဝတ်စရာမလိုပါဘူး။

၄။ မှန်ကန်တဲ့ တီရှပ်ထည်

စားသောက်ဆိုင်တစ်ဆိုင်ဆိုင်ကို သွားတာဖြစ်ဖြစ်၊ ကောင်မလေးနဲ့ လမ်းထွက်လျှောက်တာဖြစ်ဖြစ် အထူးသဖြင့်နွေရာသီမှာ ပထမဆုံးဒိတ်လုပ်တာမျိုးဆို အင်္ကျီလက်အများကြီးမပါတဲ့ တီရှပ်တွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။

ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မိန်းကလေးအများစုက စွပ်ကျယ်လက်ပြတ်ထူ ဝတ်ထားတဲ့အမျိုးသားတွေကို ပိုသဘောကျတတ်ပါတယ်။ စာရေးသူအထင် ဒါကသန်မာတဲ့လက်မောင်းရှိမရှိ အလွယ်တကူသိနိုင်လို့ ထင်ပါတယ်။

နွေရာသီမှာ ရှပ်အင်္ကျီဝတ်ပြီး လန်းချင်တယ်ဆိုရင်တော့ လီနင်သားနဲ့ရှပ်အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ၎င်းဟာ ပေါ့ပေါ့ပါးပါးနဲ့ ဝန်ရလွယ်ကူပြီး သက်တောင့်သက်သာရှိလို့ပဲ ဖြစ်ပါတယ်။

၅။ နေကာမျက်မှန်

နေကာမျက်မှန်တိုင်းက သင့်ရဲ့နွေရက်စွဲတွေနဲ့ အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ပါဘူး။ ခပ်မိုက်မိုက်နဲ့ စွဲမက်စရာကောင်းတဲ့ အသွင်ဖြစ်ဖို့လိုသလို ထသွားထလာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ နွေနေ့ရက်တွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။

Classic စတိုင်ကိုရွေးချယ်မိလို့ သင်ဘယ်တော့မှ နောင်တရမှာမဟုတ်သလို aviators နဲ့ wayfarers စတိုင်မျက်မှန်နှစ်မျိုးဟာ သင့်ဆီမှာမရှိမဖြစ်ရှိရမယ့် မျက်မှန်တွေပါ။

ဒီမျက်မှန်နှစ်မျိုးထဲနဲ့ ကမ်းခြေမှာ ဘော်လီဘောကစားလို့ရသလို နေ့လည်နေ့ခင်းကော်ဖီတစ်ခွက်လောက် ထွက်သောက်ဖို့လည်း အဆင်ပြေပါတယ်။

ဒီစတိုင်နှစ်မျိုးလုံးက ကျွန်တော်တို့ကိုဘယ်တော့မှ ငြီးငွေ့သွားစေမှာမဟုတ်သလို နေ့စဉ်တပ်ဆင်နေလို့လည်း သင့်ကိုဘယ်သူကမှ အပြစ်ပြောမှာမဟုတ်ဘူးဆိုတာကို စာရေးသူကအာမခံပါတယ်။

မြို့တစ်မြို့ရဲ့နွေရာသီဖက်ရှင်တွေကတော့ အမျိုးမျိုးပါပဲ။ အဲ့ဒီထဲကမှ ကမ်းခြေသွားတဲ့အခါ ဈေးကြီးတဲ့ရူးဖိနပ် ဝတ်ဆင်သွားမယ်ဆိုတာမျိုးကတော့ တော်တော်ဆိုးရွားတဲ့ အိုင်ဒီယာပါ။ ခြေညှပ်ဖိနပ်နဲ့ ပုံရိုက်ဒီဇိုင်းလုပ်ထားတဲ့ ဖိနပ်တွေက ကမ်းခြေသွားတဲ့အခါ အဆင်ပြေပေမဲ့ မြို့ထဲမှာစီးမယ်ဆိုရင်တော့ အရမ်းကြီးစွဲမက်စရာကောင်းတဲ့ ပုံစံမျိုးကိုမရရှိနိုင်ပါဘူး။

ဒါကြောင့်မို့လို့ အခုလိုရိုးရှင်းလွယ်ကူတဲ့ ဖက်ရှင်နည်းလမ်းလေးတွေကိုပဲ သတိပြုလိုက်နာရင်း အထာကျတဲ့နွေလေးကို ဖြတ်ကျော်နိုင်ကြပါစေနော်။

 

Ref: Pinterest “5 Men’s style tips for summer days”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top