HIV လို ကုသလို့မရတဲ့ ရောဂါတစ်မျိုး ဩစတေးလျနိုင်ငံမှာ ဖြစ်ပွား

sec_10795552.jpg

“Cousin of HIV” လို့တောင် တင်စားရလောက်တဲ့ (HIV လို ကုသလို့မရတဲ့) ဗိုင်းရပ်စ်ပိုး တစ်မျိုးဟာ ဩစတေးလျနိုင်ငံရဲ့ ကျေးလက်ဒေသမှာ ဖြစ်ပွားနေပြီး အရွယ်ရောက်ပြီးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

ဒီရောဂါကူးစက်မှုဟာ လူသားတွေရဲ့ T ဆဲလ် လူကေးမီးယား ဗိုင်းရပ်စ် အမျိုးအစား ၁ (T Cell Leukemia Virus Type 1) သို့ HTLV-1 ဖြစ်ပြီး လန်ဒန်မြို့ Imperial College ရဲ့ ပါမောက္ခတစ်ယောက်ဖြစ်သူ ဒေါက်တာ ဂရေဟမ် တိုင်လာ (Dr.Graham Taylor) က ဩစတေးလျနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဖြစ်ပွားနေပြီး ပျံ့နှံ့မှု ၄၀ ရာခိုင်နှုန်းလောက်ရှိကာ သာမန်ထက် လွန်ကဲနေတယ်လို့ ပြောပြခဲ့ပါတယ်။

HTLV-1 ဗိုင်းရပ်စ်ဟာ သွေးကင်ဆာ (Leukemia) နဲ့ လန်ဖိုးမား (Lymphoma) ကနေတစ်ဆင့် ဖြစ်ပေါ်လာတာဖြစ်ကာ Alice Springs မြို့မှာ ဖြစ်ပွားပျံ့နှံ့မှု အမြင့်ဆုံး ဖြစ်နေပါတယ်။ ရှာဖွေတွေ့ရှိမှုတွေအရ HTLV-1 ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်း၊ နို့တိုက်ကျွေးခြင်းနဲ့ သွေးကနေတစ်ဆင့် ကူးစက်နေတယ်လို့ဆိုပြီး ကာကွယ်ဖို့နည်းလမ်း မတွေ့သေးဘူးလို့ ဆိုပါတယ်။

HTLV-1 ဟာ အာရုံကြောစနစ် ပျက်စီးခြင်း၊ အဆုပ်လေပြွန်ကျယ်ခြင်း၊ သွပ်ချာပါဒဖြစ်ခြင်း၊ သန်ကျခြင်းနဲ့ ကိုယ်ခံအားကျဆင်းစေခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

HTLV-1 ဗိုင်းရပ်စ်ကို ဂျပန် အနောက်တောင်ပိုင်း၊ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ရိုမေးနီးယား တစ်ချို့ဒေသ တွေမှာ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိခဲ့ရပြီး အခုအခါ ဩစတေးလျ အလယ်ပိုင်း မယ်လန်နီးရှား (Melanesia) တစ်လျှောက် ဖြစ်ပွားနေပါတယ်။

ဒေါက်တာ တိုင်လာကတော့ ဒီထက်ပိုပြီး သတိထားမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး အထူးသဖြင့် ဂျပန်က မီးမဖွားမီ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ် လို့ပြောပါတယ်။

ဩစတေးလျ အလယ်ပိုင်းမှာ ပျံ့နှံ့နေတဲ့ HTLV-1 ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို အချက်ပြ သတိပေးလိုက်တာပဲ ဖြစ်ပြီး ဘာလုပ်သင့်တယ်ဆိုတာကို မီးမောင်းထိုးပြနေပြီလို့ ဒေါက်တာ တိုင်လာက ဆိုပါတယ်။

Ref: Metro “Cousin of HIV virus: infecting 40% of the adult population in rural Australia’ ”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top