ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝတဲ့ အသားရေဖြစ်ဖို့ဆိုရင်

yyl-032-6.jpg

ဆောင်းရာသီလည်းရောက်လာပြီဆိုတော့ အသားရေတွေ ခြောက်သွေ့၊ အက်ကွဲ၊ ကြမ်းတမ်းတာတွေဖြစ်လာနိုင်တာကြောင့် အသားရေထိန်းသိမ်းဖို့လိုလာပါပြီ။ အခုလိုရာသီမျိုးမှာ သင့်အသားရေကို ရေဓာတ်ပြည့်ဝပြီး စိုပြေအောင် ထိန်းသိမ်းပေးတာက ကျန်းမာတဲ့အသားရေဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး။ အိုမင်းရင့်ရော်မှုရဲ့အစောဆုံးလက္ခဏာတွေကို ထိန်းပေးရာလည်းရောက်ပါတယ်။ နေ့စဉ် အသားရေကို moisturiser နဲ့ ခရင်မ်တွေကို လိမ်းနေပေမဲ့လည်း သင့်အသားရေက ရေဓာတ်ခြောက်ခန်းမှုုဖြစ်နေနိုင်ပါတယ်။ အဲဒီလိုအခြေအနေကို ရှောင်ရှားဖို့ဆိုရင် ဒီဆောင်းရာသီအတောအတွင်း သင့်အသားရေကို ရေဓာတ်ပြည့်အောင်လုပ်နိုင်မယ့် အသုံးဝင်တဲ့နည်းတွေကို လိုက်နာသင့်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် အဲဒီနည်းတွေကို မျှဝေပေးလိုက်ရပါတယ်။

ရေသောက်ပေးပါ

ဆောင်းတွင်းရောက်လာတာနဲ့ ကျွန်တော်တို့တွေက ပူတာလေးတွေသောက်ချင်ကြပြီး တစ်နေ့တာမှာ အရေးကြီးဆုံးဆိုတဲ့ရေကို သောက်ဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေများများသောက်ပေးသင့်ပါတယ်။ ဒါမှ သင့်အသားရေက ရေဓာတ်ပြည့်ဝပြီး စိုပြေနေမှာဖြစ်ပါတယ်။

ရေပူနဲ့ ရေချိုးတာကို ရှောင်ပါ

ဆောင်းရာသီမှာ ရေချိုးရတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။ ရေချိုးရမှာ ချမ်းလွန်းတာကြောင့် ရေပူနဲ့ ရေချိုးကြပါတယ်။ ရေပူနဲ့ရေချိုးတာက သင့်ကို နွေးသွားစေနိုင်ပေမဲ့ သင့်ဆံသားနဲ့အသားရေက အစိုဓာတ်တွေကို ခြောက်ခန်းသွားစေနိုင်ပါတယ်။ ရေပူနဲ့ရေချိုးတာက လူကို လန်းဆန်းစေနိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမဲ့ အသားရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကို ရှောင်ရှားဖို့အတွက် ကြက်သီးနွေးလောက်ရေနဲ့ ရေချိုးပေးပြီး အသားရေကို အာဟာရဖြည့်ပေးတဲ့ ရေချိုးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တို့ကို အသုံးပြုပေးသင့်ပါတယ်။

ဗီတာမင်စီ

ဆောင်းရာသီမှာ အသားရေ စိုပြေနေဖို့အတွက် ဗီတာမင်စီပါဝင်တဲ့အစားအစာတွေ စားပေးသင့်ပါတယ်။ ဗီတာမင်စီက အသားရေကို ထိန်းပေးတဲ့ ခန္ဓာကိုယ်ရဲ့ကိုလာဂျင်ဓာတ်တွေ တိုးလာအောင်ကူညီပေးပါတယ်။ အသားရေကို ညီညာစေပြီး ပါးရေတွန့်မှ ကင်းဝေးအောင်လည်း ကူညီပေးပါတယ်။

Ref: How to keep your skin hydrated during winters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top