ပူအိုက်လွန်းလို့ ပန်ကာလေခံခြင်းရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

59285625_393241128193083_6495936206096826368_n.jpg

ပန်ကာရှိမှအိပ်တတ်တယ်ဆိုရင်တော့ ပန်ကာကို ကိုယ်နဲ့ဝေးဝေးမှာထားပြီး ဖွင့်ပါ

ဒီနွေကတော့ စာရေးသူရဲ့သက်တမ်းတစ်လျှောက်လုံးမှာ အပူဆုံးလို့ပြောရလောက်အောင် ဆိုးတဲ့နွေပါပဲ။ အဲကွန်း၊ လေအေးစက်၊ ပန်ကာတွေမရှိဘဲ တစ်စက္ကန့်လေးတောင် မနေနိုင်တဲ့ ရာသီဥတုမျိုးပါ။ ပန်ကာရှေ့မှာထိုင်ပြီး အပူဒဏ်ကိုအံတုရတဲ့အရသာကလည်း တော်တော်ကောင်းပါတယ်။ ဒီလိုဆို ခေါင်းစဉ်အရ ပန်ကာလေခံပြီးအိပ်မိရင် ဘယ်လိုကျန်းမာရေးပြဿနာတွေရှိလာနိုင်လဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။

တစ်ညလုံးချွေးတွေတပြန်ပြန်နဲ့ ဘယ်သူမှမအိပ်ချင်ပါဘူး

ဟုတ်ပါတယ်။ အိပ်စက်ခြင်းက တကယ်ကိုအရေးကြီးပါတယ်။ တစ်ညလုံးချွေးတွေတပြန်ပြန်နဲ့ ဘယ်သူမှမအိပ်ချင်ပါဘူး။ ဒါပေမဲ့ ပန်ကာဖွင့်ပြီးအိပ်မယ်ဆိုတာနဲ့ လျှာတွေကခြောက်လာပြီး နှာခေါင်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ အနီးအနားမှာရှိတဲ့ဖုန်တွေကို လည်ပတ်အောင် မွှေ့ပေးနေတဲ့ပန်ကာကြောင့် ယားယံခြင်းတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် အိပ်စက်နေချိန် ပန်ကာဖွင့်ထားမယ်ဆို ဖုန်မှုန့်တွေက အနားမှာပြန့်နေပြီး နှာပိတ်တတ်ပါတယ်။ သင်က ပန်းနာရင်ကျပ်၊ အမှုန်အမွှားများဝင်၍ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုးနဲ့ ယားယံခြင်းတွေဖြစ်တတ်တဲ့သူဆိုရင်တော့ ပန်ကာဖွင့်ပြီးအိပ်တာကို ပေါ့ပေါ့လေးမတွက်ဘဲ သတိကြီးကြီးထားသင့်ပါတယ်။

ပန်ကာဖွင့်ပြီးအိပ်တာကို ပေါ့ပေါ့လေးမတွက်ဘဲ သတိကြီးကြီးထားသင့်ပါတယ်

ပန်ကာလေကို အဆုံးထိအရှိန်တင်ဖွင့်ပြီး အိပ်မယ်ဆိုရင်တော့ သင့်အသားအရေက တဖြည်းဖြည်းနဲ့ခြောက်သွေ့လာပါလိမ့်မယ်။ ဘယ်လောက်ပဲ လိုးရှင်းတွေလိမ်းပြီးအိပ်အိပ် နဂိုတည်းက အသားခြောက်တတ်သူဆိုရင်တော့ ဘယ်လိုမှကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ခြောက်သထက်ပိုခြောက်လာမှာပါပဲ။

ဆက်လက်ပြီး ပန်ကာလေက အုံးလွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ မျက်လုံးပွင့်ပြီး အိပ်တတ်သူတွေဆိုရင်တော့ မျက်ရည်ခြောက်ပြီး မျက်လုံးယားတာတွေဖြစ်တတ်ပါတယ်။ လေးဖက်နာနဲ့ ကျီးပေါင်းရှိတဲ့သူတွေဆိုရင်လည်း အကြောတွေထုံကျင်လာကာ နာနေတတ်ပါတယ်။
အခန့်မသင့်ရင် လေတောင်ဖြတ်တတ်ပါတယ်။

ပန်ကာရှိမှအိပ်တတ်တယ်ဆိုရင်တော့ ပန်ကာကို ကိုယ်နဲ့ဝေးဝေးမှာထားပြီး ဖွင့်ပါ

ဘယ်လိုမှ မရဘူး…ကိုယ်က ပန်ကာရှိမှအိပ်တတ်တယ်ဆိုရင်တော့ ပန်ကာကို ကိုယ်နဲ့ဝေးဝေးမှာထားပြီး ဖွင့်ပါ။ လေကို တိုက်ရိုက်မခံပါနဲ့လို့ အကြံပြုလိုက်ပါရစေ။

Ref: Elitereaders “Sleeping With A Fan On Could Be Bad For You”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top