နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်

59798566_2716489411711290_8414559356338569216_n.jpg

မိုးအောင်ရင်အမြန်ဆုံးလွတ်ဖို့ ဆုတောင်းပေးနေတဲ့ပရိသတ်ကြီးအတွက် ဝမ်းသာစရာ သတင်းကောင်းပါပဲ။ ဒီနေ့မနက်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၆၅၂၀) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ (၁၇) က ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား တစ်သောင်းကျော်ကို လွှတ်ပေးခဲ့သလို ဧပြီ (၂၆) မှာတော့ အကျဉ်းသား ခြောက်ထောင်ကျော်ကို ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ မိုးအောင်ရင်ကတော့ အခု တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

မိုးအောင်ရင်က အခု တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ ပါဝင်တာ ဖြစ်ပါတယ်

မိုးအောင်ရင်ရဲ့ဖခင် တေးသံရှင်ကြီး ဦးအောင်ရင်က သားဖြစ်သူအတွက် ဝမ်းသာသလို နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပံ့ပိုးကူညီဆုတောင်းပေးတဲ့လူတိုင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ကျေးဇူးတင်စကားပြောကြားထားပါတယ်။ အနုပညာရပ်ဝန်းနဲ့ နိုင်ငံအနှံ့ကပရိသတ်တွေကလည်း မိုးအောင်ရင်ရဲ့ လွတ်မြောက်မှုအတွက် အတိုင်းမသိပျော်ရွှင်ကြောင်း ဝမ်းသာစကား ရေးသားခဲ့ကြပါတယ်။

မိုးအောင်ရင်ရဲ့ဖခင် တေးသံရှင်ကြီး ဦးအောင်ရင်က သားဖြစ်သူအတွက် ဝမ်းသာသလို နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပံ့ပိုးကူညီဆုတောင်းပေးတဲ့လူတိုင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ကျေးဇူးတင်စကားပြောကြားထားပါတယ်

အပျော်တွေနဲ့တွေ့ရတဲ့ ဦးအောင်ရင်နဲ့ မိုးအောင်ရင်တို့သားအဖ


Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ကိုအုန်းဝင်းနဲ့မအေးအေးဝင်းတို့ ဇနီးမောင်နှံကိုသွားရောက်ကန်တော့ခဲ့တဲ့ မိုးအောင်ရင်

မိုးအောင်ရင်တစ်ယောက် အရင်ကအမှားဟောင်းမျိုးထပ်မမှားဘဲ အနုပညာလမ်းကြောင်းပေါ်မှာ အမြန်ဆုံး ပြန်လည်လျှောက်လှမ်းနိုင်ပါစေ

သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက် အရင်ကအမှားဟောင်းမျိုးထပ်မမှားဘဲ အနုပညာလမ်းကြောင်းပေါ်မှာ အမြန်ဆုံး ပြန်လည်လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref: Aung Yin’s facebook
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top